Concrete Cowboy FHD

Concrete Cowboy

Drama Western FHD 2020-09-13 6.261 111 Min

ခေတ်သစ်ကောင်းဘွိုင်တွေရဲ့ကမ္ဘာထဲကို ၀င်သွားကြည့်ရင် အမြင်အားဖြင့် လှပမနေတဲ့အရာတွေများပေမဲ့ သူတို့ရဲ့သူတို့ဘ၀အပေါ်ချစ်ခြင်းက လှပမနေတဲ့အရာတွေကိုတောင် လှပစေနိုင်တယ်။ မြင်းချီးတွေကြားထဲ မြင်းနဲ့အတူနေတဲ့လူတွေ မြင်းကို ဧည့်ခန်းထဲထည့်ထားတဲ့လူတွေ အငတ်ခံပြီး မြင်းကိုအစာကျွေးတဲ့လူတွေ မြင်းသေပုပ်ကိုတောင် မလွှင့်ပစ်ရက်တဲ့လူတွေ ခင်ဗျားမြင်ရမယ်။သူတို့မြို့ကလေးရဲ့ နေအ၀င်မှာ ကောင်းဘွိုင်ကောင်လေးကို ကောင်းဘွိုင်မလေးက နမ်းလိုက်တာကိုလည်း ခင်ဗျားမြင်ရလိမ့်မယ်။ ဒါပေမဲ့ သူတို့ အချစ်အကြောင်းစကားတစ်ခွန်းမှ ဆိုတာကိုတော့ ခင်ဗျား မြင်ရမှာမဟုတ်ဘူး။