You Gotta Believe HD

You Gotta Believe

Drama Family HD 2024-08-30 6 104 Min

ဒါကတော့ ဒါရိုက်တာ Ty Roberts ရိုက်ကူးထားပြီး မင်းသားကြီးLuke Wilson နဲ့ Greg Kinnear တို့ အဓိကပါဝင်ထားတဲ့ဘေ့စ်ဘောအသင်းတစ်သင်းရဲ့ ဖြစ်ရပ်မှန် အားကစားဇာတ်လမ်းကောင်းပါ All-Stars ဘေ့စ်ဘော့အသင်းဟာ ရာသီပွဲတွေမှာ ရှုံးပွဲတွေဆက်နေခဲ့ပြီး နည်းပြဂျွန်ကလဲ ရှေ့နေအလုပ်နဲ့ပဲ အလုပ်တွေရှုပ်နေခဲ့ပါတယ်။ အသင်းသားတွေဟာလဲ စည်းလုံးမှုမရှိပဲ အချင်းချင်းရန်ဖြစ်နေကြပြီး ရာသီနောက်ဆုံးပွဲကိုပါ ရှုံးနိမ့်သွားပါတော့တယ်။ပြဿနာကိုယ်စီနဲ့ အသင်းသားတွေဟာ ပန်းတိုင်မရှိပဲလမ်းပျောက်နေကြတဲ့ချိန်မှာ နည်းပြဂျွန်က ဘေ့စ်ဘောလူငယ်အသင်းကမ္ဘာ့စီးရီးပြိုင်ပွဲ ဝင်ပြိုင်ဖို့ ကမ်းလှမ်းချက်ရခဲ့ပါတယ်။ငြင်းဖို့ပြင်နေချိန် နည်းပြ‌လဲဖြစ် ကစားသမား ရောဘတ်ရဲ့ အဖေလည်းဖြစ်တဲ့ နည်းပြဘော်ဘီက ကင်ဆာနောက်ဆုံးအဆင့်လို့ သိလိုက်ရတဲ့အခါ…..ပန်းတိုင်ပျောက်နေတဲ့ လူငယ်လေးတွေဖို့ နည်းပြဘော်ဘီအတွက်နိုင်ပွဲယူဖို့က ပန်းတိုင်ဖြစ်လာတဲ့အခါ….. အကောင်းဆုံးသူငယ်ချင်းရဲ့အိပ်မက်တွေဖြစ်လာဖို့ နည်းပြဂျွန်ဟာ မိတ်ဆွေတွေရဲ့အကူအညီနဲ့အသင်းကိုလေ့ကျင့်ပေးပြီး ပြိုင်ပွဲဝင်ဖို့ ဖြစ်လာပါတော့တယ်။All-Starsအသင်းရဲ့ ပြိုင်ပွဲတစ်လျှောက် အတွေ့အကြုံတွေ ၊လူငယ်လေးတွေရဲ့ ရင့်ကျက်လာမှုတွေ တွေ့ရမဲ့အပြင် ကမ္ဘာ့စီးရီးမှာဘယ်အဆင့်ထိ တက်လှမ်းနိုင်မလဲ…..ဘော်ဘီကရော ဘာဆက်ဖြစ်မလဲ……အိပ်မက်အတွက်တိုက်ပွဲနဲ့ ဘဝအတွက်တိုက်ပွဲ နှစ်ခုလုံးမှာအောင်မြင်သွားမလား ရှုံးနိမ့်သွားမလားဆိုတာကိုတော့…..။