ယုံရှုဆိုတဲ့ကောင်လေးက ကျောင်းပြောင်းလာတဲ့ လင်ရှန်းကျီဆိုတဲ့ ကောင်မလေးကို မြင်မြင်ချင်း ဘာကြောင့်မှန်းမသိအရမ်းစိတ်ဝင်စားပြီး သူ့အနားရောက်ဖို့ ကြိုးစားခဲ့တာပေါ့… တစ်ချိန်တည်းမှာ လင်ရှန်းကျီကလည်း ပစ်ပစ်ခါခါ ခါးခါးသီးသီးကို ယုံရှုရဲ့ ကြိုးစားမှုတိုင်းကို ငြင်းဆန်တာပေါ့… ဘာလို့လဲဆိုတော့ လင်ရှန်းကျီဟာ ငါးမှတ်ဉာဏ်လိုမျိုးပဲ တစ်ပတ်တာ မှတ်ဉာဏ်ပဲရှိသူမလို့ပါ… ဒါပေမယ့် ဇွဲကောင်းသူ ယုံရှုကတော့ အကြိမ်ကြိမ် အပတ်တိုင်း ပြန်ခင်ဖို့ကြိုးစားတာပေါ့…