ဟိုးရှေးရှေးလွန်ခဲ့နှစ်ပေါင်းတစ်ထောင်လောက်တုန်းက မြေခွေးမိစ္ဆာတစ်ကောင်ဟာ နေရာအနှံ့ဒုက္ခပေးလို့နေသတဲ့ နတ်ဆရာကြီးတစ်ယောက်ကမြေခွေးမိစ္ဆာကိုနှိမ်နင်းပြီး အစီအရင်နဲ့ပိတ်လှောင်ထားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကြင်နာတတ်တဲ့ကလေးလေးတစ်ယောက်ဟာ မြေခွေးလေးနာကျင်နေတာမကြည့်ရက်လို့ ကူညီလိုက်ရာမှ မြေခွေးမိစ္ဆာကြီးကလွတ်သွားပါတော့တယ်။ စာသင်သားလေးဝမ်ဝိန်ဟာ မြို့တော်မှတော်ဝင်စာမေးပွဲဖြေဖို့သွားရင်း ဆောင်ကြာမြိုင်ကမိန်းကလေးယာထိုနဲ့တွေ့ဆုံပြီး စုံမက်ခဲ့ကြတယ်။ ဝမ်ဝိန်ကမထင်မှတ်ပဲ ယာထိုမိန်းကလေးရဲ့ မိခင်ဖြစ်သူကမြေခွေးမိစ္ဆာဆိုတာကိုသိလိုက်ရပါတော့တယ်……