Sucha Soorma HD

Sucha Soorma

History Thriller HD 2024-09-20 8.3 128 Min

ယခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ပန်ချာပီသူရဲကောင်းကားလေးတစ်ကားဖြစ်ပါတယ်။စမောင်ရွာမှာ ဆူချာနဲ့ နာရိန်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။ဆူချာကတော့ မတရားမှုတွေကို လက်ပိုက်မကြည့်တတ်တဲ့သူပီပီအကုန်လုံးကို ရင်ဆိုင်ဖြေရှင်းပေးတတ်ပြီးရွာအတွက်အကျိုးပြုပေးနေသူတစ်ယောက်ပေါ့။ရွာသားတွေကတောင် သူ့ကို ဆူချာလို့ပဲ မခေါ်ပဲဆူချာသူရဲကောင်းဆိုပြီး နာမည်ပေးထားကြပါတယ်။တစ်နေ့မှာ ရွာပေါင်းစုံပြိုင်ပွဲလုပ်ရင်း အိတ်မပြိုင်ပွဲမှာရော လွန်ဆွဲပြိုင်ပွဲမှာပါဂျိုဂါရာလာရွာကို အနိုင်ရခဲ့ပြီးတော့ ဂျိုဂါရာလာရွာရဲ့ ဟာမီးရ်ဂတ်ဆိုသူကတော့သူတို့ရှုံးနိမ့်ခဲ့ရတဲ့အတွက် ဆူချာတို့ကို အငြိုးထားနေပါတော့တယ်။ဒီလိုနဲ့ ဆူချာရဲ့အစ်ကို နာရိန်ရဲ့မင်္ဂလာပွဲကိုရောက်လာပါတော့တယ်။မင်္ဂလာပွဲရဲ့ထုံးတမ်းအတိုင်း ဧည့်ခံပွဲမှာကျွေးဖို့အတွက်ဆိတ်သားလိုအပ်လာတဲ့အခါမှာ ဆူချာတို့သူငယ်ချင်းအုပ်စုဆိတ်လိုက်ရှာကြရင်းနဲ့ မတွေ့တဲ့အဆုံးမှာ ဂျိုဂါရာလာရွာကပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဟာမီးရ်ဂတ်တို့အိမ်က ဆိတ်ကို သွားဆွဲဖို့ လုပ်ပါတော့တယ်။ဒီလိုနဲ့ ဆူချာနဲ့ ဟာမီးရ်ဂတ်တို့ကြားက ရန်ငြိုးတွေ ဘာတွေဘယ်လိုဆက်ဖြစ်မလဲ …..သူရဲကောင်းလို့ အခေါ်ခံရတဲ့ ဆူချာတစ်ယောက် ရွာအတွက် ဘယ်လိုကိစ္စတွေကိုစွန့်စားရင်ဆိုင်သွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် သမိုင်းဒရာမာအက်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။