Memoir of a Snail FHD

Memoir of a Snail

Drama Animation FHD 2024-10-17 8.6 94 Min

2024 ထွက် Stop-motion animated flim လေးမို့Stop-motion fans တွေလက်မလွှတ်သင့်ပါဘူးနော်။Stop-motion ဆိုတဲ့အတိုင်း အသေးစိတ်အနုစိတ်တဲ့ပညာမို့ဒီanimation လေးကို အပြီးသတ်ဖို့ရှစ်နှစ်တောင်အချိန်ယူခဲ့ရပြီးDirector Adam Elliot ရဲ့ဘ၀ကိုလည်း အနည်းငယ်အခြေခံရိုက်ကူးထားတာပါတဲ့။ဒီကားလေးက ထူးခြားတာက ပုံမှန် Adventureသွားတာမျိုးတွေနဲ့Fantasy ဆန်ဆန်တွေမပါပဲ ဂရေစ့်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပုံမှန်ဘ၀လေးကို သဘာ၀ကျကျရိုက်ကူးထားတာပါ။အမြဲတမ်းကြီးမဟုတ်ပေမယ့် တစ်ချို့လူတွေကကံဆိုးတတ်တာများပြီးတစ်ချို့တွေကျ ကံကောင်းတတ်ကြတယ်။ဒီဂရေ့စ်ကတော့ ပထမအတန်းစားထဲပါတယ်လို့ပြောရမယ်ပေါ့။အမေကိုယ်၀န်ရှိခါစမှာ သူ့အဖေကားတိုက်ခံရတော့ကိုယ်တစ်ပိုင်းသေသွားတယ်။အမေဖြစ်သူကလည်း ဂရေ့စ်နဲ့သူ့အမွှာ‌မောင်လေးဂေးဘတ်ကို မွေးပြီး ဆုံးသွားရော။ အဆိုးတွေများနေပေမယ့်လည်းသူ့ကိုကာကွယ်ပေးမယ့် ဂေးဘတ်နဲ့အတူ ဖခင်ရှိသေးတော့သူတို့မိသားစုလေးက ပျော်စရာလေးတွေတော့ရှိတာပေါ့။ပြသာနာက ဂရေ့စ်ရဲ့ဖခင်ဆုံးသွားတော့ မောင်နှမနှစ်ယောက်ကမွေးစားအိမ်တစ်အိမ်စီပို့ခံလိုက်ရတယ်။ဂရေ့စ်က တဖြေးဖြေးအထီးကျန်လာပြီးသူစုဆောင်းတတ်တဲ့ ခရုလေးတွေလိုပဲ အခွံထဲမှာပုန်းနေတော့တာပေါ့။ သူ့ရဲ့မျှော်လင့်ရာက ဂေးဘတ်ဆီက စာတွေနဲ့ပင်ကီဆိုတဲ့ အဘွားကြီးတစ်ယောက်။ ပင်ကီက သွက်လက်တယ်ပျော်ပျော်နေတယ်ဂရေ့စ်ရဲ့ မီးခိုးရောင်ကမ္ဘာကြီးထဲက အရောင်လေးပေါ့။ ဒါပေမယ့် တစ်နေ့ကျ အဲ့ဒီသူ့ရဲ့ အားကိုးရာလူနှစ်ယောက်မရှိ‌တော့တဲ့အခါမှာ ဂရေ့စ် ဘယ်လိုဆက်လုပ်မလဲ…..လူအများစုကြုံတွေ့နေရတဲ့ ပုံမှန်ဘ၀ကအခက်အခဲတွေ မိသားစုပြသာနာတွေ အထီးကျန်မှုတွေ ဘ၀ကိုရင်ဆိုင်ပုံတွေကို ဂရေ့စ်ဆိုတဲ့ကာရိုက်တာကနေတစ်ဆင့် ပြောပြနေသလို သဘာ၀ကျကျလေးပုံဖော်ရိုက်ကူးထားတာမို့ ကြည့်ပြီးရင်အနည်းဆုံးဘ၀ဆိုတာ ဒီလိုပါလားဆိုပြီး ဟာတာတာကြီးခံစားချင်တဲ့သူတွေအတွက်တော့ အကိုက်ပါပဲ။ခရုတွေဆိုတာ သူတို့ရဲ့လမ်းကြောင်းကိုဘယ်တော့မှ နောက်ပြန်မသွားဘူးတဲ့။ကြုံရတာ‌‌တွေကကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်လက်မလျှော့ပဲ ဆက်ရှင်သန်သွားမယ်ဆို အလှည့်အပြောင်းလေးတွေကြုံလာရမယ်ဆိုတာကို ရှင်းရှင်းလေးပုံဖော်ထားတဲ့ Animation လေးပါပဲ။