ဒီဇာတ်ကားကတော့ ငယ်ဘဝက ရခဲ့တဲ့ trauma ကနေ လွတ် မြောက်ဖို့ ကြိုးစားရတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ…… ဝယ်လ် ဆိုတဲ့ ကောင်လေးတစ်ယောက်မှာ သူ့ရဲ့ ချစ်သူကောင်လေး လုခ် နဲ့ သာယာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နေရသူပါ။ ဒါပေမဲ့ ဝယ်လ် ငယ်ငယ်တုန်းက သူ့ရဲ့အမေဖြစ်သူက စိတ်ကျန်းမာရေးကြောင့် သူ့သား ကို သတ်ပစ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ တစ်နေ့ သူ့အမေဆီကနေ စာတွေရလာပြီးနောက်ပိုင်း သူ့ရဲ့ အတိတ် ဘဝက trauma က တဖန်ပြန်ပေါ်လာခဲ့ပါတယ်။ အဲတော့ ဝယ်လ် တစ်ယောက် သူ့ရဲ့အတိတ်က trauma ကနေ လွတ်မြောက်နိုင်ပါ့ မလား။ သူရဲ့ချစ်သူကောင်လေး လုခ်ကရော သူ့အပေါ်မှာ နားလည် ပေးနိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။