ဇီး x လီလီ တမီရာ x ဟန်တာ အိန်ဂျလီကာx ပီတာ သူတို့သုံးတွဲလုံးက တစ်ညမှာ Collide ဆိုတဲ့စားသောက်ဆိုင်မှာရှိနေခဲ့တယ်။ ဒီသုံးတွဲက တစ်ယောက်နဲ့တစ်ယောက်လုံးဝမသိကြဘူး။ ဇီး နဲ့လီလီက စားသောက်ဆိုင်မှာအလုပ်လုပ်ကြတဲ့စုံတွဲလေး။ ဇီးကတစ်နေ့မှာ ရေထဲမျောလာတဲ့ကိုကင်းထုပ်ကြီးကိုမတော်တဆရပြီးနောက်မှာ မူးယစ်ဆေးအကြောင်းလဲသိပ်နားမလည်တော့ အဲဒါတွေကိုရရာစျေးလောက်နဲ့ရောင်းပြီး သူတို့ချစ်သူနှစ်ဦးဘဝကိုအသစ်စတင်ကြမယ်ပေါ့။