Brother HD

Brother

Comedy Drama Family HD 2024-10-30 5 140 Min

၂၀၂၄ မှာထွက်ထားတဲ့ အိန္ဒိယ တမီးလ် ဟာသဒရာမာရုံတင်ရုပ်ရှင်ကားကြီးဖြစ်ပြီး ပရိသတ်အချစ်တော်သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား ဂျာရမ်ရာဗီ၊မင်းသမီး ပရီယန်ကာမွန်ဟန်တို့ ပါဝင်ရိုက်ကူးထားပါတယ်။ကာသစ်ဆိုတဲ့ကောင်လေးမှာငယ်ငယ်လေးကတည်းကအမေးအမြန်းထူပြီး ဘယ်သူ့ကိုမှ မကြောက်တတ်တဲ့ဉာဉ်လေးရှိပါတယ်အမေးအမြန်းအစစ်အဆေးထူလွန်းတဲ့သူ့ကို ကာသစ်ရဲ့အဖေကကြီးလာရင် ရှေ့နေ့လုပ်ဖို့ အားပေးခဲ့ပါတယ်။ဒီလိုနဲ့ ကာသစ်လည်း ဥပဒေကျောင်းသားဖြစ်လာပါတော့တယ်။ဒါပေမဲ့ စာမေးပွဲနေ့မှာ လာဘ်စားတဲ့ဆရာကို ဗီဒီယိုရိုက်ပြီးပြဿနာရှာလိုက်တာကြောင့် သူနဲ့ရွယ်တူ အတန်းဖော်တွေ တရားသူကြီးနေရာကိုရောက်လာတာတောင် သူကတော့ ဘာမှဟုတ်တိပတ်တိပြစရာမရှိပါဘူး။ငယ်ငယ်လေးကတည်းက ပြဿနာမျိုးစုံရှာတတ်တဲ့ ကာသစ်ကို အဖေဖြစ်သူကဒီအတိုင်းလွှတ်ပေးထားပေမဲ့ တစ်ရက်မှာ သူလက်မခံနိုင်တဲ့ကိစ္စတစ်ခုဖြစ်လာပါတယ်။အဲဒီကိစ္စကြောင့်ပဲ သူ့အဖေဟာ နှလုံးဖောက်ပြီး ဆေးရုံပါရောက်သွားပါတော့တယ်။သတင်းကြားကြားချင်း ကာသစ်အစ်မ အာနန်ဒီဟာ အုတီကနေ ချန်နိုင်းကိုလိုက်လာကာအဖေဖြစ်သူကျန်းမာရေးအတွက် ကာသစ်ကို သူ့ယောက်ျားတို့ဇာတိဆီ ခေါ်သွားပါတော့တယ်။ကာသစ်တစ်ယောက် အဲဒီမှာရော အသားကျပါ့မလား။ သူ့ရဲ့မဟုတ်မခံတဲ့စိတ်နဲ့ မှန်တယ်ထင်ရင်တဇွတ်ထိုးလုပ်တတ်တဲ့စိတ်ကရော ပြောင်းလဲသွားပါ့မလားဆိုတာတော့…