No Other Land FHD

No Other Land

Documentary FHD 2024-11-08 7.8 96 Min

ဒီဒိုကူမန်ထရီကိုတော့ ပါလက်စတိုင်းနဲ့အစ္စရေး တက်ကြွလှုပ်ရှားသူ လူငယ်တွေဖြစ်တဲ့ Basel Adra, Hamdan Ballal, Yuval Abraham နဲ့ Rachel Szor တို့က ရိုက်ထားတာပါ။ပါလက်စတိုင်းနဲ့ အစ္စရေးရဲ့အခြေအနေတစ်စွန်းတစ်စကို ပါလက်စတိုင်းကလူငယ်တွေရော အစ္စရေးက လူငယ်တွေရော ပေါင်းရိုက်ထားတာလို့ပြောလို့ရပါတယ်။အစ္စရေးဘက်က ပါလက်စတိုင်းလူမျိုးရွာသားတွေကို နယ်မြေတစ်ခုကနေစစ်တပ်အင်အားကိုသုံးပြီး အတင်းနှင်တဲ့ အဖြစ်အပျက်တစ်ခုကို ကိုယ်တွေ့ကြုံခဲ့တဲ့လူငယ်တွေ ဒိုကူမန်ထရီအဖြစ် ရိုက်ထားတဲ့ ရုပ်ရှင်ပါ။အဓိကဇာတ်ကောင်တွေကတော့ပါလက်စတိုင်းသားတက်ကြွလှုပ်ရှားသူနဲ့ အစ္စရေးဂျာနယ်လစ်တို့ပါပဲ။ ဒါရိုက်တာတွေထဲလည်း သူတို့ပါပါတယ်။ဒီဒိုကူမန်ထရီကို ၂၀၁၉ကနေ ၂၀၂၃အထိအတွင်းမှာ ရိုက်ကူးထားပြီး ၂၀၂၃အောက်တိုဘာမှာပရိုဒတ်ရှင်းအပြီးသတ်ခဲ့ပါတယ်။