Love Nonetheless FHD

Love Nonetheless

Drama Romance FHD 2022-02-25 6.5 107 Min

တာဒါစံက စာအုပ်ဟောင်းအရောင်းဆိုင်ဖွင့်ထားသူတစ်ယောက်ဖြစ်ပါတယ် တစ်ရက်မှာတော့ တာဒါစံရဲ့ဆိုင်ကို အထက်တန်းကျောင်းသူ ကောင်မလေးတစ်ယောက် ရောက်ရှိလာခဲ့ပြီး စာအုပ်တစ်ခုကို ခိုးယူထွက်ပြေးခဲ့တယ် ဒါကို မြင်သွားတဲ့ တာဒါစံက ကောင်မလေးကို လိုက်ဖမ်းခဲ့တယ် နောက်ပြီး မိသွားတဲ့အချိန်မှာ ကောင်မလေးက ခံဝန်စာတစ်စောင်ရေးပေးခဲ့ရတယ် တကယ်တော့ ဒီကောင်မလေးက တာဒါစံကို သဘောကျနေခဲ့တာပါ သူ့ထက် အသက်ထက်ဝက်လောက်ကြီးတဲ့ လူတစ်ယောက်ကို သဘောကျနေတဲ့ ဒီကလေးမလေးကို တာဒါစံကတော့ ကလေးတစ်ယောက်အဖြစ်ပဲ သတ်မှတ်ခဲ့ပါတယ် ကောင်မလေးက ဆိုင်ကိုအမြဲလာတယ် လာတိုင်းလည်း တာဒါစံကို စာတစ်စောင်ပေးတယ် စာထဲမှာလည်း သူ့ကိုလက်ထပ်ဖို့ အမြဲပြောထားတယ် ဒါပေမယ့် စိတ်ထဲမှာ အခြားတစ်ယောက်ရှိနှင့်နေပြီးသားဖြစ်တဲ့ တာဒါစံကလည်း ကောင်မလေးကိုအမြဲတမ်းငြင်းပယ်ခဲ့တယ် နောက်ဆုံး သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်သွားမလဲ ကောင်မလေးရဲ့ အချစ်ကြောင့် တာဒါစံ စိတ်ပြောင်းလဲသွားမှာလားဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါဦး