အီတလီနိုင်ငံကနေ ပညာတော်သင်ရောက်လာတဲ့ တက္ကသိုလ်ကျောင်းသား မြို့သားအဆင်လေးက ဖိလစ်ပိုင်ရိုးရာ ရှေးဟောင်းသတ္တဝါတွေအကြောင်း စာတမ်းပြုစုဖို့ ထူးဆန်းတဲ့ ကျွန်းကို ရောက်လာပါတယ်။ ဒီလိုရောက်လာချိန်မှာ tourist guide အဖြစ် လိုက်လုပ်ပေးတဲ့ ဒေသခံမိသားစုအိမ်မှာ တည်းခိုပါတယ်။ ဒေသခံမိသားစုဆိုတာကလည်း တကယ်တမ်းတော့ ယုံတမ်းပုံပြင်တွေကို အဟုတ်ဖြစ်အောင်လုပ်ပြီး အလိမ်အညာ စီးပွားရှာနေတဲ့ အဖွဲ့ပါပဲ။ ဒီအဖွဲ့က ထုံးစံအတိုင်း မင်းသားကိုပါ အမြတ်ထုတ်စီးပွားရှာတဲ့အခါ ရိုးသားတဲ့ မင်းသားတစ်ယောက်က အဟုတ်ကြီးထင်ပြီး ယုံစားနေပါတော့တယ်။ ဒီလိုနဲ့ အချိန်အနည်းငယ်အတွင်းမှာ မင်းသားက လူလိမ်အဖွဲ့ထဲက မိန်းကလေးကို မေတ္တာသက်ဝင်မိပါတော့တယ်။ ဒီအချိန်မှာ မထင်မှတ်ဘဲ မင်းသားတစ်ယောက် အဖြစ်အပျက်တချို့နဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ သူတို့ဖုံးကွယ်ထားတဲ့ အလိမ်ညာတွေပဲ ပေါ်သွားမလား…..