အရင်တစ်ခေါက် မိုက်ကယ်ဂျက်ဆင်ရဲ့ Ghost က အမြည်းဆိုရင် ဒါကတော့ ဟင်းပွဲကြီးပါပဲ။၁၉၈၈ မှာထွက်ထားတဲ့ ဒီ anthology ရုပ်ရှင်လေးက မိုက်ကယ်ဂျက်ဆင်ရဲ့ ဖန်တီးနိုင်စွမ်းရှိတာတွေဂီတပါရမီတွေကို ရုပ်ရှင်ရိုက်ပြသလိုထည့်ထားတာပါ။Music Video အရှည်ကြီးကို ကြည့်နေရသလို feeling မျိုးကိုကောင်းကောင်းကြီးပေးနိုင်ပါတယ်။ရုပ်ရှင်နာမည် Moonwalker ကတော့မိုက်ကယ်ဂျက်ဆင်ရဲ့ Iconic ကကွက်ဖြစ်တဲ့ Moonwalker Lean နာမည်ကိုယူထားတာပါ။Man in the Mirror , Badder, Speed Demon , Leave Me Alone နဲ့နာမည်ကြီး Smooth Criminal သီချင်းနဲ့ကကွက်တွေ နဲ့ Come Together သီချင်း ကပြမှုနဲ့ ပိတ်ထားပါတယ် ။မိုက်ကယ်ဂျက်ဆင်သီချင်းတွေကို ကြိုက်တယ် မိုက်ကယ် ဂျက်ဆင်ကို ကြိုက်တယ် ဆိုရင်တော့ လုံးဝကို လက်မလွှတ်သင့်တဲ့ကားလေးပါ။