လေယာဉ်တစ်စီးလုံးကိုအပိုင်စီးပြီး ဒေါ်လာ၂သိန်းဓားပြတိုက်သွားကာ လေယာဉ်ပေါ်ကခုန်ချသွားတဲ့ ဒီဘီကူပါးအကြောင်းဟာ အခုအချိန်ထိမဖြေရှင်းနိုင်သေးတဲ့အမှုတစ်ခုဆိုတာတော်တော်များများလဲကြားဖူးကြမှာပါ။ဒီဇာတ်ကားထဲမှာတော့ ဒီဘီကူပါးအကြောင်းကိုပဲ Documentaryပုံစံသဘောနဲ့ပြန်ရိုက်ထားပြီး IMDb 4.4/10ရရှိထားပါတယ်။ သူလေယာဉ်ကိုဓားပြမတိုက်ခင်ဘာတွေလုပ်ခဲ့လဲ၊ ဓားပြတိုက်ပြီးနောက်ဘယ်လိုဆက်ဖြစ်လဲဆိုတာကို စိတ်ကူးပုံဖော်ကာရိုက်ပြထားတာပါ။ဒီဘီကူပါးအကြောင်းစိတ်ဝင်စားသူတွေကတော့ဒီဇာတ်ကားကိုကြည့်ရင်းတစ်ခုခုအဖြေရနိုင်မလားဆိုတာ အဖြေရှာလိုက်ကြတာပေါ့။