ဘဘ့်နဲ့စတားဆိုတဲ့ အမျိုးသမီးနှစ်ဦးက အိမ်ထောင်ပြတ်မုဆိုးမနဲ့ တစ်ခုလပ်ဖြစ်တာကြောင့်ဘဝတူတွေဖြစ်ပြီး အရာရာကို တိုင်ပင်နှီးနှောတတ်တဲ့ အချင်းချင်းသစ္စာရှိတဲ့သူငယ်ချင်းတွေဖြစ်ပါတယ် သူတို့တွေက စကားပြောအတင်းတုပ်ရတာအလွန်ကြိုက်တဲ့ အသက် ၄၀နီးပါးအမျိုးသမီးတွေဖြစ်တာကြောင့် စကားပြောကလပ်ပါဝင်ထားကြပါတယ် ဒါပေမဲ့တနေ့မှာတော့သူတို့ရဲ့ အလုပ်လုပ်တဲ့စတိုးဆိုင်ကပိတ်သွားတဲ့အပြင် စကားပြောကလပ်ကပါအထုတ်ခံရတာကြောင့် Vista Del Marလို့ခေါ်တဲ့Floridaက ကမ်းခြေလေးကိုအပန်း ဖြေခရီးထွက်လာခဲ့ပါတယ် ဒီလိုနဲ့လူသတ်မစ်ရှင်ကို အကော်အထည်ဖော်ဖို့ကမ်းခြေဆီရောက်လာတဲ့ ဗီလိန်မရဲ့ချစ်သူရည်းစားဖြစ်တဲ့ အက်ဂါနဲ့တစ်ညမှားမိပြီးတဲ့နောက်မှာ အက်ဂါကိုအချစ်ရေးကံမကောင်းခဲ့တဲ့စားဆော်ကြီးတွေသူငယ်ချင်းအချင်းချင်းကျော်ခွကာ အက်ဂါ့အချစ်ကိုရဖို့ကြိုးပမ်းပါတော့တယ်