စကူဘီဒူးတို့အဖွဲ့ကို ဒီတစ်ခေါက်မှာတော့ Lego version အနေနဲ့ တွေ့ကြရမှာပဲဖြစ်ပါတယ်။Lego movie တွေရဲ့ ထုံးစံအတိုင်း မထင်ရင် မထင်သလိုပြောင်တဲ့ဇာတ်ကွက်တွေ ဒိုင်ယာလော့တွေနဲ့စကူဘီဒူးတို့ရဲ့ ပုံမှန်အလွဲတွေ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖြေရှင်းကြပုံတွေလည်း ကြည့်ရှုကြရမှာပါ။ဇာတ်လမ်းကတော့ စကူဘီတို့တို့အဖွဲ့က အမှုတစ်ခုပြီးတဲ့နောက် အနားယူတဲ့အနေနဲ့ ဘလိုးအောက်ကမ်းခြေမှာသုံးရက်တိုင်တိုင်ကျင်းပတဲ့ ဘင်ဂိုဘက်ရှ် ပွဲတော်ဆီကို ထွက်လာခဲ့ကြပါတယ်။ဒါပေမဲ့ ကမ်းခြေကို ပင်လယ်ဓားပြသရဲတွေက ဝင်သောင်းကျန်းသွားခဲ့တဲ့အပြင် ဘင်ဂို ဘက်ရှ်ပွဲတော်ပါ ပျက်လုနီးပါးဖြစ်ရုံမကဖရတ်နဲ့ ဗယ်မာတို့ရဲ့ ဘင်ဂိုဘက်ရှ်ရဲ့ ကပ္ပတိန်ဖြစ်ချင်ကြတဲ့ အိမ်မက်လေးပါပျောက်သွားခဲ့တဲ့အချိန်မှာတော့အပန်းဖြေခရီးကနေ စုံစမ်းစစ်ဆေးရေးခရီးတစ်ခု ဖြစ်သွားခဲ့ပါတော့တယ်။ဒီပင်လယ်ဓားပြသရဲတွေက ဘယ်သူတွေလဲဘာကြောင့်တိုက်ခိုက်နေကြတာလဲဒါတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေတာလဲဆိုတာကိုစကူဘီဒူးတို့ သူငယ်ချင်းတသိုက် ဘယ်လိုအဖြေရှာသွားကြမလဲဆိုတာ ရယ်မောခံစားကြည့်ရှုပေးကြပါဦးခင်ဗျ။