Big Top Scooby-Doo! FHD

Big Top Scooby-Doo!

Comedy Family Mystery Animation FHD 2012-10-09 7.7 81 Min

စကူဘီဒူးတို့အဖွဲ့က ဒီတစ်ခေါက်မှာတော့အတ္တလန္တိတ်မြို့ကို ရောက်လာခဲ့ကြပါပြီ။ ဆပ်ကပ်ဝါသနာအိုး ဖရတ်ရဲ့ တောင်းဆိုမှုကြောင့် ပွဲသွားကြည့်ကြတဲ့စကူဘီဒူးတို့တစ်သိုက် တိုးလာကြတာကတော့ သမန်းဝံပုလွေတစ်ကောင်နဲ့ပါ။ဒီသမန်းဝံပုလွေက ဆပ်ကပ်အဖွဲ့ ရောက်ခဲ့တဲ့နေရာတိုင်းမှာ ကျောက်မျက်ရတနာတွေ ခိုးယူနေတဲ့အပြင်ဆပ်ကပ်ပိုင်ရှင်မားစီးယက်စ်ကိုယ်တိုင်ကလည်း သူ့ရဲ့အဖွဲ့ဝင်တွေကို သံသဃဖြစ်နေခဲ့တာကြောင့် စကူဘီဒူးတို့တွေက ကူညီစုံစမ်းပေးဖို့ဖြစ်လာခဲ့ပါတယ်။ဒီသမန်းဝံပုလွေဆိုတာကရော တကယ့်အစစ်အမှန်ဟုတ်ရဲ့လား။ဘာဖြစ်လို့ ဒီလိုမျိုး ကျောက်မျက်ရတနာတွေကိုခိုးနေတာလဲ။ဒါတွေရဲ့ နောက်ကွယ်မှာရော မားစီးယက်စ်ရဲ့ သံသဃတွေက မှန်နေခဲ့သလားဆိုတာကိုစကူဘီဒူးပရိတ်သတ်တို့အကြိုက် ကြည့်ရှုခံစားကြရဦးမှာပဲဖြစ်ပါတယ်။