A Christmas Miracle HD

A Christmas Miracle

Family HD 2024-11-07 2 89 Min

ခရစ္စမတ်ရုပ်ရှင်တွေကို ကြည့်မယ်ဆိုရင် ကြားထဲမှာ အခက်အခဲ အတားအဆီးလေးတွေပါတတ်ပေမဲ့ကြည်နူးပျော်ရွှင်စရာ ချစ်ခြင်းမေတ္တာတွေ၊ သံယောဇဉ်အနှောင်အဖွဲ့တွေကိုပဲ အဓိကရိုက်ကူးတင်ဆက်ကြတာများတာပေါ့။ဒီရုပ်ရှင်မှာလည်း မိသားစုအသိုင်းအဝိုင်းလေးတစ်ခုရဲ့ ခရစ္စမတ်အတွက် အားကြိုးမာန်တက် ကြိုးစားကြပုံကိုတင်ဆက်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ဆို ခရစ္စမတ်က ရက်ပိုင်းပဲလိုတော့တဲ့အချိန်။ ပုံမှန်ခရစ္စမတ်ပွဲကျင်းပပျော်ရွှင်နေကျ ဒေသတစ်ခုကိုအစိုးရကနေ စီးပွားရေးဇုံအဖြစ်ပြောင်းပစ်ပြီး ရန်ပုံငွေချပေးဖို့ ရပ်ဆိုင်းလိုက်ပါတယ်။ဒီမှာပဲ နှစ်တိုင်းကြီးမှူးကျင်းပနေကြဖြစ်တဲ့ မစ္စမက်ကန်ဇီက ခရစ္စမတ်အစဉ်အလာလေးဖြစ်မြောက်ဖို့အရေးကြိုးစားရာမှာ မိသားစုဝင်တွေ သူငယ်ချင်းတွေ ပါဝင်လာကြပြီး သူတို့တွေကြားကသံယောဇဉ်အနှောင်အဖွဲ့တွေနဲ့ ချစ်ခြင်းတရားတွေကို ကြည်နူးစွာနဲ့ ခံစားကြည့်ရှုကြရမှာပါ။