My Fatal Social Following HD

My Fatal Social Following

Thriller TV Movie HD 2024-05-13 5 90 Min

နီနာဆိုတဲ့ သူ့ရဲ့bffကို ဗဟိုပြုပြီးလည်ပတ်နေတဲ့ ဂျူလီယာရဲ့ဘဝလေးဟာ နီနာရုတ်တရက် ပျောက်ဆုံးသွားတဲ့ညမှာပဲအတူပျောက်ဆုံးသွားခဲ့တာပေါ့။လူတွေသိထားကြတာတော့ နီနာနဲ့ဂျူလီယာတို့နှစ်ယောက်ကပွဲကနေ တောထဲကိုအတူသွားတယ်ဆိုတာရယ်၊နီနာကတော့ပျောက်သွားပြီး ဂျူလီယာကတော့ တောထဲကနေပြန်ရောက်လာပြီး အဲဒီညကအဖြစ်အပျက်တွေကို မေ့လျော့နေတယ်ဆိုတာပဲသိထားကြလေတော့ နီနာကိုသတ်တာဂျူလီယာလို့ပဲ အားလုံးကထင်နေကြတာပေါ့။တစ်ဖက်က တစ်ယောက်တည်းသောအချစ်ဆုံးသူငယ်ချင်းကိုဆုံးရှုံးရ တစ်ဖက်က လူတွေအားလုံးရဲ့လူသတ်သမားဆိုတဲ့တံဆိပ်တပ်တာခံရတဲ့ဂျူးစ်တစ်‌ယောက် ကျောင်းတစ်နှစ်နားရပြီးစိတ်ကျန်းမာရေးဆွေးနွေးကုသမှုပါ ခံယူရတဲ့အထိ ဖြစ်သွားတာပေါ့။ဒီလိုနဲ့ ကျောင်းပြန်တက်ရချိန်မှာဂျူးစ်တစ်ယောက်နီနာပျောက်သွားတဲ့ညက မှတ်ဉာဏ်ကို ပြန်ရှာဖို့ကြိုးစားရင်းနီနာပျောက်သွားတဲ့ညနဲ့ပတ်သက်တဲ့ သဲလွန်စတွေကို စုံစမ်းဖို့ကြိုးစားရာကနေ The Family ဆိုတဲ့ အဖွဲ့ဆီကထူးဆန်းတဲ့စာတွေရောက်လာပြီး ဒီအဖွဲ့နဲ့ ပတ်သက်မိချိန်မှာတော့….