A Nonsense Christmas with Sabrina Carpenter HD

A Nonsense Christmas with Sabrina Carpenter

Music HD 2024-12-06 8 50 Min

2024 မှာ viral ဖြစ်သွားတဲ့ Espresso ဆိုတဲ့ သီချင်းကို ကြားဖူးနားဝ မရှိသူဆိုတာ မရှိသလောက်တောင် ဖြစ်မယ်လို့ထင်ပါတယ်။ဒီသီချင်းနဲ့အတူ Sabrina Carpenter ဆိုတဲ့ အမျိုးသမီးလေးဟာလည်း သူ့ရဲ့အနုပညာနဲ့ အရည်အချင်းကို အရင်ကထက်ပိုပြီး အသိအမှတ်ပြုခံခဲ့ရပါတယ်။Short n’ Sweet era ကျမှ သူ့ကို စရင်းနှီးသူဆိုရင်တော့ သူ့ရဲ့ သီချင်းတွေ နားထောင်ပြီး ဒီကောင်မလေး nastyဖြစ်လိုက်တာဆိုပြီး ပြောကောင်းပြောနိုင်ပါတယ်။ဒါပေမဲ့ ဒီလို အဓိပ္ပါယ်နှစ်ခွဖြစ်စေပြီး witty ဖြစ်တဲ့ စာသားလေးတွေ ရေးတတ်တာက Sabrina Carpenter ရဲ့ အထာပါပဲ။ဘာသာပြန်ကတော့ဒီလိုစကားလုံးတွေကို လှပအောင် ကြွယ်တတ်တဲ့ သူ့စတိုင်လ်ကို အတော်သဘောကျပါတယ်။အခုချိန်မှာ Sabrina Carpenter ဟာ Short n’ Sweet tour လုပ်နေပါတယ်။Christmas Holiday မှာလည်းပရိတ်သတ်တွေ မပျင်းရလေအောင် ဆရာမလေးက Netflix နဲ့အတူ A Nonsense Christmas ဆိုတဲ့ musical comedy holiday special လေး ထွက်ရှိထားပါတယ်။ဆိုလိုတဲ့အတိုင်းပဲ သီချင်းတွေလည်းဆိုရင်းဟာသတွေလည်း လုပ်ရင်း SNL ကြည့်နေရသလိုပါပဲ။ အစက သီချင်းတွေပဲ တန်းစီဆိုသွားမယ်ထင်ထားပေမဲ့ တင်ဆက်ထားပုံက ဆန်းသစ်ပြီး ကြည့်လို့ကောင်းပါတယ်။ဒါ့အပြင်နာမည်ကျော်တေးဂီတရှင်အမျိုးသမီးတွေလည်း Guest အနေနဲ့ လာရောက်တင်ဆက်ထားပါသေးတယ်။ဒီတော့ TV-14 rating လို့ သတ်မှတ်ပေးထားတဲ့ Netflix ရှိုးမှာ အဆဲသန်တဲ့ မမဆဘရီနာတို့ သူ့ကိုယ်သူဘယ်လိုတွေ ချုပ်တည်းပြီး တင်ဆက်သွားမလဲဆိုတာ ရှုစားပေးကြပါဦး။