ခရစ်စမတ်ကာလနီးကပ်လာချိန်မှာ ခရစ်စမတ်ရုပ်ရှင်အေးအေးလေးနဲ့ chill ကြရအောင်လားခင်ဗျာ။ရိုစ့်ဟာ အိမ်အဟောင်းတွေကို ဝယ်ပြီး ပြန်ပြုပြင်ကာရောင်းချပြီး တစ်နေရာဆီကနေ တစ်နေရာကို လှည့်လည်သွားလာနေတဲ့ ခြေသလုံးအိမ်တိုင်တစ်ယောက်ပါ။တစ်နေ့မှာတော့ သူ့အမေ ငယ်ငယ်က သွားလည်ခဲ့တဲ့အိုင်ယာလန်က ဒွန်ကလဲဒေသက အိမ်လေးတစ်အိမ်ကိုဝယ်ဖို့ဖြစ်လာခဲ့တယ်။အဲဒီလိုနဲ့ပဲ ရိုစ့်တစ်ယောက်အိုင်ယာလန်ကိုရောက်ခဲ့ပြီးဒွန်ကလဲက အိမ်ခြံမြေအေးဂျင့် ရှောင် နဲ့ တွေ့ဆုံပါတော့တယ်။ဒီဇာတ်ကားလေးကတော့ တစ်ကားလုံး ရိုးရိုးအေးအေးလေးပဲသွားထားပြီးတော့ အိုင်ယာလန် နဲ့အိုင်းရစ်လူမျိုးတွေရဲ့ယဉ်ကျေးမှုတွေ၊ ရိုးရာအစဉ်အလာတွေနဲ့ သဘာဝရှုခင်းအလှအပတွေကို ခံစားရင်းကြည့်ရှုကြရမှာပါ။ခြေသလုံးအိမ်တိုင်သမား ရို့စ် နဲ့ ဒွန်ကလဲမှာ ကော်လိုကပ်နေတဲ့ရှောင်တို့ရဲ့ဇာတ်လမ်းလေး ဘယ်လိုဖြစ်သွားမလဲဆိုတာကိုစောင့်ကြည့်ရင်း မိသားစုနဲ့အတူလည်း ကြည့်ရှုလို့ရတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။