ဒီဇာတ်လမ်းလေးရဲ့အဓိကဇာတ်ဆောင်ကတော့ အနာဂတ်အတွက်ဘာအစီအစဉ်မှမရှိတဲ့ အရာအားလုံးကိုပုန်ကန်ချင်နေတဲ့ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသားလေပဲဖြစ်ပါတယ်။သူကငယ်ငယ်ကတည်းက အဖိုးအဖွားတွေနဲ့ကြီးလာခဲ့ရတယ်။အဖေကအမြဲအပြင်မှာပဲအလုပ်လုပ်နေပြီး အိမ်သိပ်ပြန်မလာပါဘူးတစ်နေ့မှာတော့ အပြင်မှာပဲနေတဲ့သူ့အဖေက ရုတ်တရက်အိမ်ကိုပြန်လာပြီးသူ့ကိုတင်းတင်းကြပ်ကြပ်ထိန်းပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့အဖေနဲ့သားအတူ ကျောင်းမှာတစ်စားပွဲထဲစာအတူတူသင်ဖို့ဖြစ်လာပါတယ်။ဒီလိုနဲ့ရယ်စရာအဖြစ်အပျက်တွေဖြစ်လာပြီး အထင်လွဲမှုတွေနဲ့စိမ်းကားနေတဲ့ သူတို့သားအဖနှစ်ယောက်ရဲ့ဆက်ဆံရေးကတဖြည်းဖြည်းပြေလည်လာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။