ဒီကားလေးက တရုတ်နိုင်ငံမှာ တရားမဝင်အွန်လိုင်းဂိမ်းအစပျိုးလာတော့ ပညာပေးအနေနဲ့ ရိုက်ကူးထားတာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်အနေနဲ့ တာဝန်ယူပြီး ပြည်သူတွေကို ဘယ်လိုကာကွယ်ပေးလဲဆိုတာ အသားပေးရိုက်ကူးထားပါတယ်။ ဝက်သတ်ပွဲကို ကြိုးကိုင်နေကြတဲ့သူတွေအကြောင်း၊ အလိမ်ခံရတဲ့ပြည်သူတွေရဲ့ ပျက်ဆီးဆုတ်ယုတ်မှုတွေအကြောင်းတွေကို သေချာရိုက်ပြထားတာမို့ ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားပါပဲ။ ဝက်သတ်ပွဲ ဆိုတာကို သိချင်ရင်တော့ ဇာတ်ကားလေးကိုသာ ကြည့်လိုက်ပါတော့။