ဒါကတော့ နွေရာသီတစ်ခုကို ဖြတ်သန်းနေတဲ့ ကလေးတစ်အုပ်အကြောင်းပါပဲ။ ဇာတ်လမ်းအမျိုးအစားကတော့ Adventure, Coming of Age ပါ။ ကလေးတစ်အုပ်ဆိုပေမဲ့ ကလေးမလေးတွေပါပဲ။ နွေရာသီပိတ်ရက်မှာ အတူတူလျှောက်လည်ကြတယ်။ အလောင်းတစ်လောင်းတွေ့တယ်။ ဒီအလောင်းကြောင့် မိဘတွေက သူတို့ကလေးတွေ ထရော်မာရကုန်တယ်ထင်ကုန်မှာစိုးလို့ ရဲမတိုင်ဘဲထားလိုက်တယ်။ သို့ပေမဲ့ ကြင်နာတတ်တဲ့ကလေးတွေဆိုတော့ ဒီလူ့မှာများ မိသားစုရှိခဲ့ရင်ဆိုပြီး သူဘယ်သူလဲအဖြေရှာကြပါတယ်။ အိမ်ကမသိအောင် ခိုးထွက်ပြီး စွန့်စွန့်စားစားအဖြေရှာရင်း ပရလောကလိုလို သည်းထိတ်ရင်ဖို အဖြစ်တွေနဲ့ပါကြုံလာရပါတယ်။