Taklee Genesis HD

Taklee Genesis

Thriller Adventure Science Fiction HD 2024-09-12 7.5 146 Min

US စစ်သားတွေ လျှို့ဝှက်ပြီး စမ်းသပ်တီထွင်ခဲ့တဲ့ အချိန်ခရီးသွားစက်တစ်ခုဖြစ်ပါတယ်။စစ်ပွဲပြီးသည်အထိ ဒီအချိန်ခရီးသွားစက်က အသုံးပြုလို့ရတဲ့ အခြေအနေ မဟုတ်ခဲ့တာကြောင့်…စစ်ပြီးနောက်မှာတော့အဲဒီစက်က ထိုင်းနိုင်ငံမှာပဲကျန်ခဲ့ပါတယ်။ စတယ်လာရဲ့ အဖေကတော့…လွန်ခဲ့တဲ့ နှစ်30က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး လက်ရှိမှာသူ့အမေကနေမကောင်းဖြစ်နေလို့ …ပြုစုဖို့အတွက် သူ့မွေးရပ်မြေကို ပြန်ခဲ့ရပါတယ်။ တစ်ည‌မှာတော့ သူ့အဖေကရေဒီယိုကနေတဆင့်ဆက်သွယ်လာပါတယ်။ စတယ်လာက သူ့အဖေကိုကယ်တင်နိုင်ဖို့အတွက် အချိန်ခရီးသွားစက်ကိုအသုံးပြုပြီး…စွ့န်စားခရီးထွက်ရမှာဖြစ်ပါတယ်။ အချိန်ခရီးသွားစက်ကို အသုံးပြုရင်းဘယ်လိုအန္တရာယ်တွေကြုံရမလဲ…သူ့အဖေက ဘာကြောင့် ပျောက်သွားခဲ့ရတာလဲဆိုတာတွေကိုတော့ CGI အမိုက်စားနဲ့ …Taklee Genesis ဆိုတဲ့ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။Taklee Genesis ရဲ့ အဓိက သရုပ်ဆောင်တွေအနေနဲ့ စတယ်လာ အဖြစ် Paula Taylor…အစ်သီ အဖြစ် Peter Corp Dyrendal နဲ့ ကွန် အဖြစ် War Wanarat Ratsameerat တို့ကပါဝင်ထားတာဖြစ်ပါတယ်။