A Dance in the Snow HD

A Dance in the Snow

Comedy Drama Romance TV Movie HD 2024-12-05 6.8 0 Min

Melanie(Erica Cerra) ရဲ့ 17 နှစ်အရွယ် သမီးဖြစ်သူ Jenny(Venessa Burghardt) ဟာ ၁အော်တစ်ဇင်ရောဂါကို ခံစားနေရတဲ့ စီနီယာအထက်တန်းကျောင်းသူဖြစ်ပါတယ်။Jenny ဟာသူရဲ့စီနီယာနှစ်မှာကြုံတွေ့ခဲ့ရတဲ့ဆိုးရွားတဲ့ အတွေ့အကြုံကြောင့် နောက်ဆုံးဘွဲ့ယူပွဲမတိုင်ခင် ခရစ်စမတ် ကပွဲကို မသွားချင်ပဲဖြစ်နေခဲ့ပါတယ်။အဲ့လိုနဲ့ Melanie က ကျောင်းပွဲစီစဉ်ရေးကော်မတီမှာပါဝင်ပြီးသူ့သမီးပျော်ရမယ့် ကပွဲမျိုးကို စီစဉ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။အဲ့အချိန်မှာပဲ Jenny နဲ့ သူ့သူငယ်ချင်းများကလည်း Melanie ကို ဂုဏ်ပြုဖို့အတွက် ခရစ်စမတ်ကပွဲကို လျှို့ဝှက်စွာစီစဉ်ခဲ့ကြပါတယ်သူတို့နှစ်ယောက်ရဲ့ တစ်ယောက်ကိုတစ်ယောက်အတွက် လုပ်ပေးချင်ကြတဲ့ ခရစ်စမတ်ကပွဲလေးတွေ အောင်မြင်စွာဖြစ်မြောက်သွားမလားအမေနဲ့ သမီးဖြစ်သူရဲ့ ကြားထဲက အဆင်မပြေဖြစ်နေမှုတွေအဆုံးသတ်သွားမလားဆိုတာကို ကြည်နူးစွာ ကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ်။ခရစ်စမတ် အချိန်အခါမှာ မိသားစုနဲ့ အတူ ကြည့်ရှုသင့်တဲ့ လှပတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။