ကျောင်းပိတ်ရက်မှာ အဖွားအိမ်ကိုပို့ခံရတဲ့ ကလေး၂ယောက်ရဲ့စွန့်စားခန်းဇာတ်လမ်းဖြစ်ပါတယ်။ဟောင်ရှောင်ကျင့်နဲ့ ကျော်ထျန်းရီးတိူ့ရဲ့အဖေဟာ နိုင်ငံခြားကိုအလုပ်နဲ့သွားရမှာဖြစ်တဲ့အတွက်သူတို့၂ယောက်ကို အဖွားအိမ်မှာထားခဲ့ရပါတယ်။ ထျန်းရီးကအဖွားအိမ်မှာလုံးဝမနေချင်ပဲငြင်းဆန်ပြီးပုန်ကန်နေခဲ့တယ်။ အဖွားအိမ်ကနေထွက်ပြေးသွားလို့လိုက်ရှာရတဲ့အထိဖြစ်ခဲ့တယ်။သူငယ်ချင်းအသစ်တွေရလာပြီး တဖြည်းဖြည်းနဲ့အဖွားကိုနားလည်သွားတဲ့အခါမှာတော့ ဒီပတ်ဝန်းကျင်အသစ်မှာပျော်လာပါတယ်။သူတို့မောင်နှမ၂ယောက်ဟာ အဖွားရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်ဆိုပြီးတော့ခရီးစဉ်တစ်ခုကို သူတို့ရဲ့သူငယ်ချင်းအသစ်လေးတွေနဲ့စပြီး အစီအစဉ်ဆွဲပါတယ်။ကလေးတွေရဲ့ဒီအစီအစဉ်ဟာတကယ်ဖြစ်လာနိုင်ပါ့မလား။သူတို့စွန့်စားခန်းရဲ့အဆုံးသတ်ကရော ဘယ်လိုဖြစ်လာမလဲ။