Ghosts of Red Ridge FHD

Ghosts of Red Ridge

Horror Western FHD 2024-12-03 4.8 81 Min

ဒါရိုက်တာ Stefan Colson ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးဟာသဘာဝလွန်အက်ရှင် ကောင်းဘွိုင်ဇာတ်ကားမျိုးဖြစ်ပြီးတော့အဓိကသရုပ်ဆောင်တွေအဖြစ် Owen Williams, Trent Culkin,Griffin Wade တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။Texas ပြည်နယ် Red Ridge မြို့လေးမှာ ဇာတ်အိမ်တည်ထားပြီးတော့ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် မြို့ရဲ့ရဲမှူးဟာဝရမ်းပြေးအုပ်စုတစ်စုနဲ့ပတ်သတ်နေတဲ့သူစိမ်းတစ်ယောက်ကိုဖမ်းမိသွားခဲ့ပါတယ်။ အဲဒီအုပ်စုသတ်တာကိုခံခဲ့ရတဲ့ဝိညာဉ်တွေကရဲမှူးဆီကိုရောက်လာပြီးတော့ သူတို့အတွက် လက်စားချေပေးဖို့ပြောရင်း အဖမ်းခံလိုက်ရတဲ့သူနဲ့ပူးပေါင်းကာဝိညာဉ်တွေအတွက်တရားမျှတအောင်လုပ်ပေးပုံကို ကြည့်ရှုကြရမှာပါ။ဂန္တဝင် အနောက်တိုင်းကောင်းဘွိုင်အငွေ့အသက်တွေကိုခြောက်ခြားဖွယ် Story နဲ့ ပေါင်းစပ်ထားပြီးတော့ထူးခြားတဲ့ရသတစ်ခုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။