အလုပ်မရှိ အကိုင်မရှိ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် ပလပ်ဖောင်းခေါင်းအုံးရတဲ့ သူခိုးလေး ရာဂျီဗန်… ရုပ်ရည်ချောမောပြီး လူမမာ ဖခင်ကို ပြုစုနေရတဲ့ တမဲလ်အလုပ်သမလေး ဒေဗီ… သူတိုနှစ်ဦးဟာ ကံစီမံရာ ဇာတ်ဆရာအလိုကျအတိုင်း ချစ်ကျွမ်းဝင်ခဲ့ကြရာ ဒေဗီက ရာဂျီဗန်ကို သူခိုးအလုပ်ကို ထပ်မလုပ်ဖို တောင်းဆိုပြီး Living Together နေထိုင်ခဲ့ကြရင်း တစ်နေ့မှာတော့ ရာဂျီဗန်ဟာ MLA အမတ်ရဲ့အိမ်ကို ခိုးဝင်တဲ့အမှုနဲ့ စွပ်စွဲခံရပါတယ်။ တကယ်တမ်းက ဘုရားပွဲကနေပြန်လာရင်း လမ်းမှာ သုံးဘီးတစ်စီးက ဝင်တိုက်မိမလို ဖြစ်တဲ့အတွက် ရှောင်ရင်းကနေ အမတ်ရဲ့ အိမ်ထဲကို ခုန်ဝင်မိရင်း ခွေးဆွဲတာခံရတာပေါ့ဗျာ။ အဲ့ဒီလိုနဲ့သူခိုးဆိုပြီး တစ်ရပ်ကွက်လုံးက ဆွမ်းကြီးလောင်း ရဲလက်အပ်လိုက်တာပေါ့။