Beyond the Wasteland HD

Beyond the Wasteland

Drama Horror Adventure Science Fiction HD 2023-10-05 7.6 96 Min

လက်မှာ M ဆိုတဲ့ အမှတ်အသားရှိတဲ့ Marko လိုအမည်ရတဲ့ ကလေးလေးက အပြင်လောကနဲ့ထိတွေ့မှုမရှိဘဲ သူ့အဖေနဲ့ တောအုပ်ထဲမှာပဲ ကြီးပြင်းလာခဲ့ရတယ်။သူ့အဖေက အပြင်မှာ လူဆိုးတွေရှိတယ်အန္တရာယ်များတယ်လို သင်ပေးခဲ့ပြီး အမြဲတမ်း အသက်ရှင်သန်ရေးနဲ့ပတ်သက်တဲ့ အသိပညာတွေကို သင်ပေးခဲ့တယ်။ဒါပေမဲ့ တစ်နေ့မှာ Marko သူတိုနေတဲ့တောအုပ်ထဲမှာ သူနဲ့ရွယ်တူ Miko ဆိုတဲ့ကလေးတစ်ယောက်နဲ့ သူ့အမေတစ်ယောက်ကို တွေ့ခဲ့ပြီး Miko နဲ့သူငယ်ချင်းဖွဲခဲ့တယ်။နောက်တော့ ​Marko က သူ့အဖေက Miko ရဲ့အမေကို သတ်ခဲ့ပါတယ်လို အထင်မှားပြီး သူ့အဖေကိုလူဆိုးလိုထင်သွားခဲ့တယ်။Marko ရဲ့ အဖေက သူသတ်ခဲ့တာမဟုတ်ကြောင်း Miko ရဲ့အမေကို ကယ်ဖိုကြိုးစားခဲ့တာဖြစ်ကြောင်း ရှင်းပြပြီးရုတ်တရက် သူ့ရဲ့ဒဏ်ရာကြောင့်ထူးဆန်းတဲ့အမူအရာပြောင်းသွားပြီးသူ “လူဆိုး” အဖြစ်ပြောင်းမသွားခင် Marko ကို ထွက်ပြေးခိုင်းခဲ့တယ်။တကယ်တော့ Marko အဖေပြောခဲ့တဲ့ “လူဆိုး” တွေဆိုတာ ဗိုင်းရပ်ကူးစက်ပြီး ပြောင်းလဲသွားတဲ့ ဇွန်ဘီတွေဖြစ်ပြီး.. ငယ်ရွယ်တဲ့ကလေးသာသာရှိသေးတဲ့Marko တစ်ယောက် သူ့ရဲ့ရုပ်ပြပုံပြင်ထဲကလို “နတ်သမီး” ရှာဖို ထွက်သွားခဲ့တဲ့ခရီးမှာ “လူဆိုး” တွေကို ဘယ်လိုရှောင်မလဲဆိုတာ ထိတ်လန့်ဖွယ်စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်…။