Gintama: The Movie 2: The Final Chapter: Be Forever Yorozuya FHD

Gintama: The Movie 2: The Final Chapter: Be Forever Yorozuya

ဆရာသမား Gintama တို့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ဒီကားကျ ဇာတ်လမ်းစထားတာကိုက တော်တော်လေး ထူးခြားတာပါ ထုံးစံအတိုင်း အဖောက်ပေါ့။စစချင်း ရုပ်ရှင်ရုံမှာ ခိုးမရိုက်ရဘူးတို့ လုပ်သင့်လုပ်ထိုက်တဲ့ ရုပ်ရှင်ပညာပေးတွေကို ဆုံးမနေကြတာနောက်ကျ မဆီမဆိုင် ပုံစံနဲ့ ဇာတ်လမ်းကြီးကို ဝုန်းခနဲ အစပျိုးပြသွားတာတော့ အမိုက်စားပါ။ဒီကားကျ ကိုယ့်ဆရာတွေက Time Travel တွေ ပါလာပြီ ဖြစ်ပါတယ်။Gintama တစ်ယောက် ရုပ်ရှင်ရုံထဲက ခိုးရိုက်ကောင်ကို ဖမ်းပြီး အပြစ်ပေးရာကနေအူတိအူကြောင်နဲ့ နောင် ၅ နှစ် အနာဂတ်ကိုရောက်သွားပါတော့တယ်။အဲဒီမှာ သူဆိုတာလည်း သေဆုံးနေပြီး သူတို့ကမ္ဘာကြီးက အဖြူရောင်ပလိပ်ဆိုတဲ့ ကပ်ဘေးဒုက္ခကြောင့်ပျက်စီးယိုယွင်းပြီး သုဿန်တစ်စပြင် ဖြစ်လို့နေပါပြီအဲဒါကြောင့်ဘုမသိဘမသိတဲ့ Gintama တစ်ယောက် ဒါတွေကို ဘယ်လိုပြုပြင်သွားမလဲသူ့တပည့်ကျော်နှစ်ယောက်ကလည်း ဘယ်လိုတွေ ဖြစ်နေမလဲ စသဖြင့် Gintama ထုံးစံအတိုင်းဟာသတွေ အပုံလိုက်နဲ့ဇာတ်လမ်းကောင်းတစ်ခုကို တင်ဆက်ထားတာဖြစ်လို့ အားရပါးရ ခံစားလိုက်ကြပါဦး။