Gintama: The Very Final FHD

Gintama: The Very Final

Action Comedy Animation FHD 2021-01-08 8.2 104 Min

Gintama တို့ Anime စီးရီးမှာ ဇာတ်သိမ်းသွားတဲ့အခန်းကနေ ပြန်ဆက်ပေးထားတဲ့ တကယ့်နောက်ဆုံးအပိတ် Movie ဖြစ်ပါတယ်။Edo ကြီးကို Tendoshuu တွေ ဝင်တိုက်ခိုက်တာကို ပြန်ခုခံအပြီး ကြုံရာကျပန်းအဖွဲ့သားတွေ ကိုယ်စီလမ်းခွဲခဲ့ကြတယ်။Utsuro ပြန်လာမှာကို ကြိုမြင်နေတဲ့ Gin တစ်ယောက် စုံစမ်းစရာရှိတာတွေကိုထွက်စုံစမ်းနေတဲ့အချိန်မသေခြင်းတရားကို လိုချင်နေကြတဲ့ Tendoshuu တွေ Edo မှာ နောက်တစ်ခါ ပြဿနာလာရှာနေတာမို့ဆရာ Shoyo ရဲ့ တပည့်ကျော် ၃ ယောက်သား ပြန်စည်းလုံးပြီး အသေဖြုတ်ကြမှာပဲ ဖြစ်ပါတယ်။ဒီလောက်များတဲ့လူတွေကို မနိုင်တော့ ထုံးစံအတိုင်း Gintamaအဖွဲ့သားတွေလည်းကိုယ်စီဆေးစက်ကျရာကနေ အုပ်လိုက်ကြီးနဲ့ ရုပ်ရှင်တစ်ကားစာ ထိုင်ချကြတာကို အားရပါးရ ကြည့်ရမှာပဲ ဖြစ်ပါတယ်။Gintama ထုံးစံအတိုင်း ဟာသအဖောက်တွေ တခြား Animeတွေကို Reference ယူပြီး ပြောင်တာတွေ4th Wall Breaking တွေကတော့ တောက်လျှောက်ပါနေမှာ ဖြစ်လို့ အပျင်းတွေလည်း ပြေရပါသေးတယ်။Gintama ပရိသတ်တွေအတွက်တော့ ဒါဟာတကယ့်နောက်ဆုံး ရုပ်ရှင်ဖြစ်တာကြောင့် မကြည့်ရသေးရင် ကြည့်သင့်ပြီးကြည့်ပြီးသားဆိုလည်း ထပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေဗျာ။