Taking Chance HD

Taking Chance

Drama War TV Movie HD 2009-09-21 7.2 77 Min

ဒီဇာတ်ကားက မြန်မာမင်းသားဖိုးကျော် နဲ့တူတဲ့ Kevin Bacon ရဲ့ဇာတ်ကားလေးပါ။ဒီဇာတ်က စစ်ကားဆိုပေမဲ့ စစ်တိုက်တာ မပါတဲ့ War Drama အမျိုးအစားလေးပါ။9/11 ကိစ္စအပြီးမှာ US ရဲ့ Marine တပ်တွေက အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ တပ်တွေချထားပြီး အဲ့က သူပုန်သောင်းကျန်းသူတွေနဲ့ တိုက်ကြပါတယ်။ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ ဘယ်သူကမှန်တယ်မှားတယ်ဆိုတာထက်စစ်ပွဲထဲမှာ သေသွားရတဲ့စစ်သားတွေ ဘက်ကနေ ရိုက်ပြထားပါတယ်။ဖြစ်ရပ်မှန်ဇာတ်ကားလည်းဖြစ်ပြီး အီရန်မှာ တိုက်ပွဲကျသွားတဲ့တပ်ကြပ် ချန့်ဖက်ပ် က သူသေဆုံးသွားတဲ့ အချိန်မှာ အသက် ၁၉ ပဲ ရှိပါသေးတယ်။သူရဲ့ အလောင်းကို သူ့မွေးရပ်မြေကို ပြန်ပို့ပေးဖို့ဗိုလ်မှူးမိုက်ကယ်စတိုဘီ( Kevin Bacon ) ကကိုယ်တိုင် တောင်းဆိုပြီး လိုက်ပို့ပေးတဲ့ ဇာတ်လမ်းလေးကို ရိုက်ထားတာပါ။ဗိုလ်မှူးမိုက်ကယ်စတိုဘီက တိုက်ပွဲကနေအနားယူပြီးစစ်သား စိစစ်သူအနေနဲ့လုပ်ကိုင်နေရင်း ရှေ့တန်းမှာ အသက်ငယ်ငယ်နဲ့ တပ်သားတွေသေဆုံးနေရတာကို အပြစ်ရှိသလိုခံစားနေရသူပါ။ဒီ ဇာတ်လမ်းနဲ့ Kevin Baconက အကောင်ဆုံးသရုပ်ဆောင်ရွှေကမ္ဘာလုံးဆုကိုလည်းရရှိထားပါတယ်။ဒီဇာတ်ကားကြည့်ပြီး မျက်ရည်တော့ နည်းနည်းဝဲမိမှာသေချာပါတယ်။ကြည့်ရှူခံစားလိုက်ကြပါဦး။