12 Dares of Christmas HD

12 Dares of Christmas

Comedy Romance TV Movie HD 2023-12-21 5.182 90 Min

ဒီတစ်ခါမှာတော့ ခရစ်စမတ်အငွေ့အသက်သဘောကျသူပရိတ်သတ်တို့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ခရစ်စမတ်ရုပ်ရှင်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။အာလာရာဟာ သူငယ်ငယ်တည်းကတက်ခဲ့‌တဲ့ကျောင်းလေးမှာဆရာမ လုပ်ပြီး ဘဝကိုငြိမ်သက်အေးဆေးစွာဖြတ်သန်းနေသူပါ။တစ်နေ့သူတို့ကျောင်းက ပရိုဂရမ်တစ်ခုမှာသူ့ကိုပါဝင်ခိုင်းခဲ့ပါတယ်။ပြင်သစ်ကကျောင်းသားတွေနဲ့ exchange ပရိုဂရမ်လေးမှာသူက ပါဝင်ရမှာဖြစ်သလို သူ့လုပ်ဆောင်မှုပေါ်မူတည်ပြီးဒုကျောင်းအုပ်ရာထူးရမရကိုလည်း မျှော်လင့်လို့ရပါသေးတယ်။အဲဒီအချိန်မှာပဲ ပြင်သစ်က ကျောင်းသားတွေရဲ့ဆရာနဲ့သူနဲ့တွေ့ဖို့ဖြစ်လာပါတော့တယ်။တစ်ဖက်မှာလည်း အားလပ်ရက်တိုင်းပြန်လာနေကျ သူ့ညီမလေးချယ်လ်ဆီကဒီနှစ်တော့ ခရစ်စမတ်စိန်ခေါ်မှု ၁၂ ခုကိုလုပ်ဖို့ သူ့ကိုတိုက်တွန်းခဲ့ပါတယ်။အဲဒီထဲကတစ်ခုဖြစ်တဲ့ လူ ၁၂ ယောက်ကို သူ့ဖုန်းနံပါတ်ပေးရမယ်ဆိုတဲ့စိန်ခေါ်မှုအရသူဟာ ဘားမှာသူ့ဖုန်းနံပါတ်လိုက်ပေးနေတုန်း တိုက်တိုက်ဆိုင်ဆိုင်၁၂ယောက်မြောက်လူချောလေးက ပရိုဂရမ်ကြောင့်သူနဲ့တွေ့ဖို့ရှိတဲ့ ပြင်သစ်ကဆရာ ဖြစ်နေပါတယ်။ဒီလိုနဲ့သူတို့မိတ်ဆက်ကြပြီးစကားပြောကြရင်း တကယ်ကပရိုဂရမ်ကိုဒီနှစ်လုပ်မယ်၊မလုပ်ဘူး၊ အီးမေးလ်မှာပို့တာဒီလိုပါနဲ့ငြင်းခုံရင်းနှစ်ယောက်သားနားလည်မှုတွေကွဲလွဲကာ စကားများကြပါတော့တယ်။သူတို့နှစ်ယောက် ဘယ်လိုနားလည်မှုလွဲကြဝာာလဲ၊ ဘယ်လိုဖြေရှင်းကြမလဲ၊အာလာရာရဲ့ညီမ ဖြစ်သူချယ်လ်ဆီလုပ်မယ့် စိန်ခေါ်မှု ၁၂ ခုက ဘာတွေဖြစ်မလဲ၊အာလာရာကရော အားလုံးကိုပြီးဆုံး အောင်မြင်ပါ့မလားဆိုတာစိတ်ဝင်စားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။