2024 ထွက် Thriller ကားအသစ်ပါ။Thrillerကားတွေမှာတော့ ဇာတ်ကို ဘာမှမသိဘဲ ကြည့်ရတာ ပိုအရသာရှိလိမ့်မယ်ဆိုတော့ အရမ်းအကောင်းကြီးခမ်းခမ်းနားနားကြီးမဟုတ်ပေမဲ့အတန်အသင့်လက်သင့်ခံလို့ရတဲ့ ပမာဏလောက်နဲ့ ဇာတ်ကောင်တွေနဲ့အတူတူ ဘာတွေဖြစ်နေလဲ မသိဘဲ စီးမျောကြည့်ချင်ရင်တော့ ကြည့်လိုက်ပါ။ဘာတွေဖြစ်နေလဲဆိုတာကမထင်ထားလောက်တဲ့အချိန်ကျမှ ရုပ်လုံးပေါ်တာဆိုတော့ ဇာတ်လမ်းက မပြောင်မြောက်လှပေမဲ့ ကြည့်တော့ကြည့်ကောင်းမှာပါ၊။အညွှန်းဖတ်တာကို ဒီလောက်နဲ့ရပ်ပြီး ကြည့်ကြည့်လိုက်ပါ။ဇာတ်လမ်းကတော့ပြိုင်ဘီးစီးတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်။သူတို့က ပြိုင်ဘီးစီးကျင့်ဖို့ တောင်မြင့်ပြီး ဝေးလံခေါင်သီတဲ့ဒေသတစ်ခုကို ရောက်လာတယ်။ အဲဒီဒေသက အင်းမှာ သွားတည်းတယ်။အင်းပိုင်ရှင် လင်မယားကတော့ဖော်ဖော်ရွေရွေပါပဲ။ ကောင်မလေးတွေလည်း အဲဒီမှာရှိတယ်။ဒီလိုနဲ့ အင်းပိုင်ရှင် လင်မယားမူမမှန်နေတာကို သူတို့အဖွဲ့ထဲက တစ်ယောက်က သတိထားမိသွားတဲ့အချိန်လူတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်လာတယ်။ဘာလို့ပျောက်ကုန်ကြလဲ ဘယ်သူတွေလွတ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ပါတော့။