Deaner '89 FHD

Deaner '89

Comedy Music FHD 2024-09-06 5 90 Min

ဒီးနာ မူးဒရော့ချ်ဆိုတဲ့ ကောင်လေးက ကျောင်းမှာ ဟော်ကီကစားတာအရမ်း တော်တဲ့ ကောင်လေးတစ်ယောက်။ သူ့မှာ ဂျန်ဆိုတဲ့ ညီမလေးတစ်ယောက်လည်းရှိတယ်။ တစ်ရက်မှာ သူ့ဆီကို ထူးဆန်းတဲ့သေတ္တာကြီးတစ်လုံး ရောက်လာတယ်။ အဲဒီ သေတ္တာက မက်တယ် ဂီတကို အရူးအမူးကြိုက်သူကြီး သူ့အဖေအရင်းရဲ့ သေတ္တာ။ သူ့အဖေအရင်းက ဆုံးသွားပြီ။အဲဒီကစပြီး သူတို့က မွေးစားသားနဲ့သမီးတွေဆိုတာ သူတို့ သိသွားကြပြီးတော့သူတို့က ဘယ်သူတွေလဲဆိုတာ သိဖို့အတွက် ရှာဖွေကြရင်း တစ်ရက်မှာဒေါ့ကန်ဆိုတဲ့ မက်တယ်အဖွဲ့ကို သွားကြည့်ဖို့အတွက်ဒီးမူးဒရော့ချ်ကဆုံးဖြတ်ချက်ချလိုက်တယ်။ ဒါနဲ့ သူက အောင်မြင်တဲ့ ဟော်ကီကစားသမားဘဝ အခွင့်အလမ်းတွေ အားလုံးကို လွှတ်ချခဲ့ပြီးတော့ သူ့ကိုယ်သူ ရှာဖွေဖို့အတွက် ခရီးထွက်ခဲ့ပါတော့တယ်။ အဲဒီခရီးမှာ သူ ဘာတွေ ကြုံရမလဲ ..သူ့ဘဝ ဘယ်လိုပြောင်းလဲသွားခဲ့တာလဲဆိုတာကတော့ ဇာတ်ကားထဲမှာအူနှိပ်အောင် ရယ်မောရင်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားရဲ့ပေးချင်တဲ့မက်ဆေ့ကလည်း အရမ်းကောင်းတာမို့ ကြည့်ကို ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါလို့ ပြောရင်း …