ဒီဇာတ်လမ်းလေးမှာတော့ တွမ်က မှော်ဆရာကြီးတစ်ဦးရဲ့ အိမ်မွေးကြောင်တစ်ကောင်ပါ။မှော်ဆရာကြီးက အစီအရင်တစ်ခုကြောင့် အဝေးကိုသွားရမယ့်အချိန် သူ့ရဲ့အဖိုးတန်မှော်လက်စွပ်ကို တွမ်ကို မပျောက်မပျက်အောင် သေချာအပ်ထားခဲ့ပါတယ်။ဖြစ်ချင်တော့ အဲဒီလက်စွပ်က ဂျယ်ရီရဲ့ခေါင်းပေါ်ကိုမှ မတော်တဆ သွားစွပ်မိပြီး ချွတ်မရတော့လို့တွမ်တစ်ကောင် အကျပ်ရိုက်ပြီး ဂျယ်ရီဆီက အတင်းလုရာမှတခြားပြဿနာပေါင်းစုံ တက်လာပုံကို အူလှိမ့်နေအောင်ရယ်မောရင်း ကြည့်ရှုရမှာပါ။