Following Yonder Star HD

Following Yonder Star

Comedy Romance TV Movie HD 2024-12-15 5.5 84 Min

TV show မှာ ပြီးပြည့်စုံတဲ့ ဇနီးနဲ့ မိခင်တစ်ယောက်အနေနဲ့ အချိန်အကြာကြီး လူသိများခဲ့တဲ့ သရုပ်ဆောင်မင်းသမီး Abby က အားလပ်ရက်မတိုင်ခင်မှာပဲသူ့ရဲ့အရင်ခင်ပွန်းဟောင်း သရုပ်ဆောင်အမျိုးသားကနောက်အိမ်ထောင်ပြုတော့မယ်ဆိုတာ သိလိုက်ရတယ်။မထင်မှတ်ထားတဲ့သတင်းကြောင့် စိတ်ညစ်နေတဲ့ Abby က အပေါက်ဆိုးတဲ့ စတိုးဆိုင်ပိုင်ရှင်တစ်ယောက်ကို မရည်ရွယ်ဘဲ အော်လိုက်မိပြီးအဲဒီဗီဒီယိုကအွန်လိုင်းပေါ်မှာ ပြန့်သွားလေရဲ့။ပြန့်သွားတဲ့ ဗီဒီယိုကြောင့် နာမည်ပျက်ကိန်းကြုံနေတဲ့ သရုပ်ဆောင်မင်းသမီး Abby က ခရစ္စမတ်ပိတ်ရက်အတွင်း Vermont ဆိုတဲ့မြို့လေးမှာသတင်းသမားတွေကိုပုန်းပြီးလူမသိသူမသိနေရင်း အနားယူဖို ခရီးထွက်လာခဲ့တယ်။ဒါပေမဲ့ သူတည်းဖို့ပြင်ခဲ့တဲ့ ကြယ်ငါးပွင့်အဆင့်မြင့်ဟိုတယ်က ဘိုကင်ပြည့်နေခဲ့ပြီး မြို့ရဲ့ တည်းခိုခန်းအသေးလေးမှာမထင်မှတ်ဘဲတည်းလိုက်ရတဲ့အဖြစ်ကို ကြုံပြန်လေရဲ့။တည်းခိုခန်းပိုင်ရှင် Nick က သိပ္ပံဆရာအဖြစ် အချိန်ပိုင်းလုပ်နေတဲ့ သမီးလေးတစ်ယောက်ရှိတဲ့ မုဆိုးဖိုဖြစ်ပြီး Abby က Nick ဦးစီးနေတဲ့ ခရစ္စမတ်ကလေးပြဇာတ်ကိုကူညီရာကနေ သူတိုနှစ်ဦးကြားက သံယောဇဥ်တွေ ဘယ်လိုတွယ်လာမလဲဆိုတာကိုတော့ ဒီခရစ္စမတ်ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါပြီ။