The Return HD

The Return

Drama History Adventure HD 2024-09-07 6.9 116 Min

ဂရိဒဏ္ဍာရီထဲကထရိုဂျန်စစ်ပွဲကို ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ အီသာကာတိုင်းပြည်ရဲ့ဘုရင်ကြီးအော်ဒီးဆီးယပ်စ်ရဲ့ စစ်ပွဲအပြီးအိမ်အပြန်ခရီးအကြောင်းရိုက်ကူးထားတဲ့ “The Returnဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ အင်္ဂလိပ်မင်းသားကြီး Ralph Fiennes နဲ့ ပြင်သစ်မင်းသမီးကြီး Juliette Binoche တို့ပါဝင်သရုပ်ဆောင်ထားပြီး IMDB ating-6.4/10ရရှိထားပါတယ်။ထရိုဂျန်စစ်ပွဲကြီးအပြီး နှစ် (20) ကြာပြီးနောက် ဘုရင်ကြီးအော်ဒီးဆီးယပ်စ်ဟာ သူ့ရဲ့အီသာကာတိုင်းပြည်ကိုပြန်လာခဲ့ပါတယ်။အဲ့ကိုရောက်တဲ့အခါ သူ့ရဲ့တိုင်းပြည်ကြီးကသူထွက်သွားတဲ့အချိန်ကလိုမဟုတ်ဘဲ အရာရာအဆိုးဘက်ကိုပြောင်းလဲနေတာကိုတွေ့လိုက်ရပါတယ်။အီသာကာကိုကျန်ရှိခဲ့တဲ့ဇနီးဖြစ်သူဘုရင်မကြီးပန်နယ်လိုဖီနဲ့သားတော်တို့ကဆက်လက်အုပ်ချုပ်နေပေမဲ့ဘုရင်မရဲ့ဘေးမှာခင်ပွန်းမရှိတာကြောင့်ထိုနေရာကိုလိုချင်သူတွေအများအပြားဟာ မိုင်ထောင်ချီဝေးတဲ့နေရာတွေကပါလာပြီး ရွေးချယ်ခံရဖို့စောင့်စားလျက်ရှိပါတယ်။သစ္စာရှိပြီးခေါင်းမာသူဘုရင်မကြီးကတော့သူမယောက်ျားကလွဲရင်ကျန်တဲ့လူကိုမရွေးချယ်ချင်တာကြောင့်အကြောင်းအမျိုးမျိုးပြအချိန်ဆွဲထားပါတယ်။ထိုလူတွေဟာ နောက်ပိုင်းမှာ သားတော်မင်းသားလေးရဲ့အသက်ကိုရန်ရှာလာပါတော့တယ်။နှစ်20ကြာပြီးမှပြန်ရောက်လာတဲ့ အော်ဒီးဆီးယပ်စ်တစ်ယောက် သူ့ရဲ့ဇနီး/သားတော်နဲ့ တိုင်းပြည်တစ်ခုလုံးဒုက္ခတွေကြုံတွေ့နေရတာကိုပြန်လည်ကယ်တင်ဖို့ကြိုးစားရပါတော့ာတယ်။