ဒီဇာတ်လမ်းလေးကတော့ နာမည်ကျော် Ozဇာတ်လမ်းကို Referenceယူပြီး ရိုက်ထားတဲ့Tom & Jerry ဇာတ်လမ်းပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဒိုရိုသီတစ်ယောက် အော့ဇ်တိုင်းပြည်ရဲ့ မြစိမ်းမြို့တော်ကနေသူ့ဇာတိကန်းဆက်မြို့တော်ကို ပြန်ရောက်လာချိန်အဒေါ်နဲ့ ဦးလေးဖြစ်သူတို့ရဲ့ မွေးမြူရေးခြံကအကြွေးနဲ့တိရစ္ဆာန်တွေသိမ်းခံရမယ့် အခြေအနေနဲ့ ကြုံနေရတာပါ။ဒါကြောင့် သူ့အဒေါ်ရဲ့ခြံကိုကာကွယ်ဖို့ မြစိမ်းမြို့တော်ကိုပြန်သွားဖို့ အကြောင်းဖန်လာပါတယ်။အဲဒီအပြင် အော့ဇ် တိုင်းပြည်ရဲ့မဟာရန်သူတော် နုမ်းဘုရင်ရဲ့ အန္တရာယ်ပါကျရောက်လာတဲ့အခါဒိုရိုသီနဲ့ တွမ်ဂျယ်ရီနဲ့ တွဲဖက်တွေဖြစ်တဲ့ စာခြောက်ရုပ် ခြင်္သေ့ကြီးနဲ့ သံပုံးလူသားတို့အဖွဲ့မြစိမ်းမြို့တော်ကို ကယ်တင်ဖို့ အကြောင်းဖန်လာပါတယ်