You Are My Champion FHD

You Are My Champion

Comedy FHD 2022-09-11 8.3 92 Min

ဇာတ်လမ်းလေးကတော့ Chen Xing ဆိုတဲ့ တိုက်ရိုက်တင်ဆက်မှုနဲ့အွန်လိုင်းမှာနာမည်ကြီးနေတဲ့ အထက်ကျောင်းသူလေးဟာ အရင်တုန်းက လက်ရွေးစင်ဒိုက်ဗင်အားကစားသမားဖြစ်ဖို့ကြိုးစားခဲ့ဖူးပါတယ်။ လက်ရွေးစင်ရွေးချယ်ပွဲအချိန်မှာ မိဘတွေကွာရှင်းခဲ့တဲ့အတွက်ကြောင့် စိတ်ဒဏ်ရာရပြီးကောင်းကောင်းမလုပ်နိုင်ခဲ့တဲ့အတွက် ဒိုက်ဗင်အားကစားကိုလက်လျော့ခဲ့လိုက်ရပါတယ်။ Chen Xing တို့အထက်တန်းကျောင်းက ကာယဆရာJiဟာ Chen Xingရဲ့စွမ်းရည်ကိုမထင်မှတ်ပဲသိသွားတဲ့အချိန်မှာ ကျောင်းကရေကူးကန်ကိုမဖျက်ရဖို့အတွက် သူ့အလုပ်တည်မြဲဖို့အတွက် Chen Xingကို ဒိုက်ဗင်အားကစားကိုပြန်ကြိုးစားဖို့နားချပါတော့တယ်။