၁၅ ရာစုလောက်မှာ အာသာမစ်လာဆိုတဲ့ သူရဲကောင်းက ယူတိုနဂါးကြီးကို နှိမ်နင်းအောင်မြင်ခဲ့ပြီး အက်ကိုဗေးလ်ဆိုတဲ့ မစ်လာအိမ်တော်ကို တည်ထောင်ခဲ့ပါတယ်… ဒါပေမယ့် နဂါးကြီးက အင်အားကြီးလွန်းတာကြောင့် သူ့ကိုသေခြင်းတရားကတောင် မတားဆီးနိုင်ပါဘူး မှော်ဆရာတစ်ယောက်ရဲ့ အကူညီနဲ့ ဝိဉာဉ်တစ်ကောင်အဖြစ်ထွက်လာခဲ့ပြီး အသက်ပြန်ရှင်နိုင်ဖို့အတွက် မစ်လာမိသားစုရဲ့ မျိုးဆက်တွေကို နှစ် ၁၀၀ ကြာတိုင်းလိုက်သုတ်သင်ရှင်းလင်းရင်း ဝိဉာဉ်တွေကို ဖမ်းဆီးနေခဲ့တာ နှစ်ပေါင်း ၅၀၀ ကြာမြင့်ခဲ့ကာ ယနေ့အထိပါပဲ…. သူ့နောက်ဆုံးဖမ်းဆီးရမယ့် ဝီလီယံမစ်လာဆိုတဲ့ ကလေးလေးက ပျောက်ဆုံးသွားခဲ့ပြီး အက်ကိုဗေးလ်အိမ်တော်ကြီးလည်း သရဲခြောက်တဲ့အိမ်ကြီးအဖြစ် ကျန်ရစ်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ …