ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်စစ်သားတစ်ဦးဖြစ်တဲ့ စစ်သုံ့ပန်းတစ်ယောက် ကလီမန်စ်ဖော်ရဲလ်ဟာဆီဘီးရီးယားအရှေ့ဘက်ခြမ်းမှာရှိတဲ့ အကျဉ်းထောင်စခန်းမှာ အနှစ်နှစ်ဆယ် အလုပ်ကြမ်းနဲ့ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်…သို့ပေမယ့်အချိန်ရှိတိုင်းထွက်ပြေးဖို့ကြံဆနေလေ့ရှိတယ်မိုင်းတွင်းထဲမှာလေးနှစ်ထိအလုပ်လုပ်ပြီးနောက်ထွက်ပြေးခဲ့ပြီးတော့ သူ့ရဲ့ဇနီးနဲ့သမီးရှိတဲ့အိမ်ကိုပြန်ဖို့အတွက် ကြိုးစားပါတော့တယ်…သူအိမ်သို့ပြန်ရာလမ်း သို့မဟုတ် သူထွက်ပြေးတဲ့ လမ်းကြောင်းဟာ ရှည်လျှားလွန်းပါတယ်…ရာသီဥတုက ဆိုးရွားတဲ့အပြင် လမ်းမှာလည်းဒုက္ခမျိုးစုံတွေ့ရတယ်…အဆိုးတကာ့အဆိုးဆုံးကတော့ထွက်ပြေးတဲ့သုံပန်းကို ဖမ်းဆီးသတ်ဖြတ်ဖို့ ဗိုလ်ကြီးကန်မန်နဗ်ကတစ်ချိန်လုံးနောက်က လိုက်နေလို့ပါပဲ…ဖော်ရဲလ်ဟာနောက်တစ်ကြိမ်ပြန်အဖမ်းခံရမလား…ဒါမှမဟုတ်လွတ်သွားမလားဆိုတာရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားကြည့်ကြပါဗျာ…အက်ရှင်၊ဒရာမာ၊စွန့်စားမှု၊စစ်ပွဲစတဲ့ ခံစားမှုရသမျိုးစုံပါဝင်ပြီး တကယ်ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးပါ…