Tom and Jerry: The Movie FHD

Tom and Jerry: The Movie

Comedy Family Music Animation FHD 1992-10-01 6.3 84 Min

ဒီဇာတ်ကားကတော့ ထူးထူးခြားခြားအနေနဲ့ တွမ်နဲ့ဂျယ်ရီတို့ နှစ်ကောင်ကိုစကားပြောတတ်တဲ့ ကောင်လေးတွေအဖြစ်နဲ့  မြင်တွေ့ရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ဒါ့အပြင် ဒီကားဟာ Tom & Jerryရဲ့ ပထမဆုံးmovieလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သခင်ဖြစ်သူ အိမ်ပြောင်းရွှေ့ရင်း လူချင်းကွဲပြီး လမ်းပျောက်နေတဲ့တွမ်နဲ့ဂျယ်ရီတို့၂ကောင်အ‌ဒေါ်အိမ်ကနေ ထွက်ပြေးလာတဲ့ ရော်ဘင်စတာလင်ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီး ခင်မင်သွားကြပါတယ်။ရော်ဘင် ဘာလို့ထွက်ပြေးလာတာလဲဆိုတော့ အဒေါ်ဖြစ်သူက သူ့ကိုအသုံးချပြီး ဆုံးသွားတဲ့ အဖေဖြစ်သူရဲ့စည်းစိမ်တွေကို ညာယူပြီး သူဌေးလုပ်နေတာကြောင့်ပါ။သေတမ်းစာအရ ရော်ဘင်လေးသာအိမ်မှာမရှိရင် ဘာပိုက်ဆံမှ ထုတ်လို့မရတဲ့သူ့အဒေါ်အနေနဲ့လည်းအိမ်ပြေးလေး ရော်ဘင်ကို မရမက အိမ်ပြန်ခေါ်ဖို့ ကြိုးစားနေတာပါ။အဲဒီလိုဒုက္ခရောက်နေတဲ့ကလေးမလေး ရော်ဘင်ကို မတည့်အတူနေတွမ်နဲ့ဂျယ်ရီတို့ဘယ်လိုကူညီပေးသွားမလဲဆိုတာ ကြည့်ရမှာပါ။