I Came By FHD

I Came By

Thriller FHD 2022-08-19 6.248 110 Min

ဇာတ်ကားလေးထဲမှာတော့ ဂရက်ဖတီဆွဲတဲ့ လူငယ်လေးနှစ်ယောက်ဖြစ်တဲ့ တိုဘီ နဲ့ ဂျေးတို့နဲ့ စတင်ထားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ရော်ဘင်ဟုဒ်တွေလိုပေါ့ဗျာ။ ရိုးရိုးသာမန်ဂရက်ဖတီသမားတွေလို လမ်းမတွေ ပေါ်မှာ မ‌‌ဆွဲဘဲ အကျင့်ပျက်ခြစားနေတဲ့သူဋ္ဌေးကြီးတွေရဲ့ အိမ်ထဲခိုးဝင်ပြီး ခြိမ်းခြောက်စာအနေနဲ့ ဂရက်ဖတီတွေ ဆွဲတတ်တဲ့ လူငယ်လေးတွေဖြစ်ပါတယ်။ စနစ်ဆိုးကြီးကို ဒီလိုစတင်တိုက်ထုတ်မယ်လို့ ခံယူထားကြတဲ့ လူငယ်လေး နှစ်ယောက်ပေါ့။ သိုးရေခြုံထားတဲ့ ဝံပုလွေဆိုးကြီးတွေကို ဂရက်ဖတီနဲ့ဖော်ထုတ်နေတဲ့ သိုးငယ်လေး နှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်ကြမယ်၊ ဇာတ်လမ်းထဲမှာ ဘာတွေဆက်ဖြစ် သွားဦးမလဲကိုတော့ ဒါရိုက်တာ ဘာဘက်အန်ဗာရီရိုက်ကူးထားတဲ့ I Came By ဆိုတဲ့ ရုပ်ရှင်ကားလေးထဲမှာခံစားရင်ခုန်ပေးကြပါဦးခင်ဗျာ။