Deck the Walls HD

Deck the Walls

Comedy Romance TV Movie HD 2024-11-29 5.9 84 Min

ဒီဇာတ်လမ်းလေးကတော့ ခရစ္စမတ်vibeအပြည့်နဲ့ ခရစ္စမတ် decorationတွေအများကြီးနဲ့ကိုမှ ဆောင်တွင်းလေးမှာအေးအေးဆေးဆေးကြည့်လို့ကောင်းမဲ့ကားလေးပါ၁၅၀၀အချစ်တင်မကပဲ၅၂၈မေတ္တာတွေကိုပါထည့်သွင်းရိုက်ကူးပြထားတာမို့လို့ မိသားစုလိုက်တူတူကြည့်လို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဓိက‌ဇာတ်ဆောင်တွေဖြသ်တဲ့စဲလ်နဲ့ရိုစ့်ဆိုတဲ့မောင်နှမနှစ်ယောက်ဆီကစမှာပါ။သူတို့နှစ်ယောက်လုံးဟာ ဆောက်လုပ်ရေးနယ်ပယ်မှာကျွမ်းကျင်ကြတဲ့သူတွေပါ။စဲလ်ကတော့ဆောက်လုပ်ရေးတစ်ခုပိုင်ရှင်ဖြစ်ပြီး ညီမဖြစ်သူရိုစ့်ကတော့ချီကာဂိုမှာ သူ့ကိုယ်ပိုင်အိမ်တွင်းအလှဆင်လုပ်ငန်းကိုလုပ်ဆောင်နေသူပါ။သူတို့မိဘတွေဆုံးသွားချိန်မှာတော့ ရိုစ့်ဟာချီကာဂိုကိုထွက်လာခဲ့တာဖြစ်ပြီးတော့သူ့အစ်ကိုကတော့ဆိုလန်းဆိုတဲ့မြို့လေးမှာပဲကျန်နေရစ်ပြီး သူ့မိဘခြေရာကိုနင်းခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှာတော့ ခရစ္စမတ်အတွင်းမှာသူတို့မို့လေးရဲ့စံပြဖြစ်တဲ့ကျောင်းအုပ်တစ်ယောက်ကိုမြို့တော်ဝန်ကနေအိမ်တစ်လုံးပေးဖို့စီစဉ်ခဲ့ပြီးတော့ ဒါကိုစဲလ်ရဲ့ဆောက်လုပ်ရေးကတာဝန်ယူရမှာပါ။ဒီလိုနဲ့ညီမဖြစ်သူနဲ့အတူတူအတွင်းခန်းအလှဆင်ဖို့အကြောင်းဖန်လာချိန်မှာတော့ ရိုစ့်ကသူတို့ရဲ့အရင်အိမ်ကိုပြန်လာခဲ့ပြီးတော့ကူညီခဲ့ပါတယ်။ဒီလိုနဲ့စဲလ်ရဲ့လုပ်ဖော်ကိုင်ဖက်ကတချိန်တုန်းကရိုစ့်ကြိတ်ကြိုက်နေရသူဖြစ်နေပြီး အိမ်ကိုခရစ္စမတ်မတိုင်ခင် ဘတ်ဂျက်အတတ်နိုင်ဆုံးချွေတာပြီးအခက်ခဲတွေကြားကနေမရရအောင်ပြုပြင်‌တာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာမို့လို့ ကိုယ်တိုင်ပဲရှုစားလိုက်ကြပါဦး။