နာမည်ကြီးခရစ်ယာန်ကျောင်းတစ်ကျောင်းက သင်းအုပ်တွေဖြစ်တဲ့ ချိုင်းစ် တို့ဇနီးမောင်နှံတို့နှစ်ယောက်အကြောင်းကို မှတ်တမ်းတင်ရုပ် ရှင်ပုံစံရိုက်ကူးထားတဲ့ Peacock ကဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ သင်းအုပ်ဆရာဖြစ်သူ လီခါးတစ်ချိုင်းတစ်ယောက် လိင်မှုကိစ္စတစ်ခုကို ကျူးလွန်မိခဲ့တဲ့အတွက် လူကြားထဲမျက်နှာမပွင့်ခဲ့ရာကနေ အရဲစွန့်ပြီး သူက သူတော်ကောင်းဖြစ်ကြောင်း နတ်ဆိုးက ဝင်ပူးခဲ့လို့လုပ်ခဲ့တာဖြစ် ကြောင်း ဘာညာ အများသူငါသိရအောင်လုပ်ဖို့အတွက် အန်နီတာ ဆိုတဲ့ ရုပ်ရှင်ဖန်တီးသူတစ်ယောက်ကိုခေါ်ပြီး၊ သူတို့အကြောင်းမှတ်တမ်းတင် ရိုက်ကူးဖို့လုပ်လိုက်တယ်။