The Investigator FHD

The Investigator

Documentary FHD 2023-03-09 8.3 73 Min

The Investigator အမည်ရတဲ့ Documentary ဇာတ်ကားဟာဆိုရင် Czech လူမျိုးလည်းဖြစ် နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ ပထမဆုံးစုံစမ်းစစ်ဆေးသူလည်းဖြစ်ခဲ့တဲ့ Vladimír Dzuroရေးသားထားတဲ့ယခင်ယူဂိုစလားဘီးယားက စစ်ရာဇဝတ်မှုတွေအကြောင်းစာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ နာမည်ကြီးရုပ်ရှင်မင်းသား၊မင်းသမီးတွေနဲ့ရိုက်ကူးထားခြင်းမရှိသလို ဇာတ်ရံတွေကိုလည်း အသုံးပြုထားခြင်းမရှိပါဘူး။ဇာတ်ကားမှာပါဝင်ခဲ့ကြသူတွေဟာ တကယ့်အဖြစ်မှန်ကြုံတွေ့ခဲ့သူတွေနဲ့ စာရေးသူကိုယ်တိုင်ဖြစ်ပြီး စစ်ပွဲကာလကမှတ်တမ်းဗွီဒီယိုတွေကိုပါ ထည့်သွင်းဖော်ပြပေးထားတာဖြစ်ပါတယ်။ရိုးရိုးရှင်းရှင်းရိုက်ကွက်တွေ၊ စကားပြောခန်းတွေကြောင့် ပျင်းစရာကောင်းတဲ့ဇာတ်ကားလို့ထင်ရပေမယ့်အဲဒီရိုးရိုးရှင်းရှင်းစကားပြောခန်းတွေကပဲ ကြောက်ရွံ့စက်ဆုပ်ဖွယ်၊ရက်စက်ကြမ်းကြုတ်တဲ့စစ်ပွဲကာလက စစ်ရာဇဝတ်ကျူးလွန်မှုအကြောင်းကို မျက်ဝါးထင်ထင်မြင်လာအောင်ဆွဲဆောင်နိုင်စွမ်းကောင်းနေတာလို့ပြောရမယ်ဆိုရင် မမှားပါဘူး။စစ်ပွဲကာလဆိုးယုတ်မှုတွေနဲ့ရင်နာစရာအဖြစ်အပျက်တွေကို ပြန်ပြောင်းပြောပြထားတဲ့မှတ်တမ်းရုပ်ရှင်ဖြစ်တာမို့ဗဟုသုတလည်းရ၊Documentary Genre ကြိုက်သူတွေလည်းကြည့်ရတန်စေမယ့်ဇာတ်ကား‌ကောင်းတစ်ကားပဲဖြစ်ပါတယ်။