1948ခုနှစ်က ထုတ်ဝေခဲ့ပြီး ရောင်းအားအကောင်းဆုံး ဒုတိယ ချိတ်ခဲ့တဲ့ လူသားမဆန်တဲ့လူအကြောင်းရေးထားတဲ့ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ခံစားရမှာပါ စာရေးဆရာတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းက ဘယ်လောက်အထိရူးသွပ်နိုင်မလဲ? ကုန်ကြမ်းတွေလိုက်လံစုစည်းတယ်ဆိုတာ ဘဝအတွေ့အကြုံစုဆောင်းတယ်လို့ပဲ တွေးထင်မိတယ်မဟုတ်လား? ဒီအတွေးတွေအကုန်လုံးက No Longer Human ဆိုတဲ့ ဇာတ်ကားမှာ အကုန်မှားသွားပါလိမ့်မယ်။ စာရေးဆရာဖြစ်သူ ဒါဇိုင် အိုဆာမုဟာ သူ့ရဲ့ စာအုပ်တွေအတွက် မိန်းကလေးတွေကိုလှည့်ဖျားပြီးချစ်ဟန်ဆောင်ပါတယ်။ ပြီးရင်တော့ အချစ်အတွက်သတ်သေကြမယ်ဆိုပြီး သတ်သေရာကနေ သူကလူလည်လုပ်ပြီး မသေဘဲ ကျန်ရစ်နေပါတယ်။