သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး ကမ္ဘာမြေက လူသားတွေ နေထိုင်ရှင်သန်လို့မရတဲ့အနေအထားဖြစ်လာပြီး ၂၅ နှစ်အကြာမှာ မြေအောက်ဆားတွင်းကို နေစရာအိမ်လုပ်ပြီး အသက်ရှင်ကျန်ခဲ့တဲ့လူချမ်းသာမိသားစုတစ်စုကို ဇာတ်အိမ်တည်ထားပါတယ်။ဒီမိသားစုလေးဟာ မြေအောက်မှာ တစ်နေ့တစ်နေ့ ပျိုးပင်လေးတွေစိုက် ပန်းချီကားလေးတွေကို ဟိုဖက်နံရံ ပြောင်းချိတ် ဒီဘက်နံရံပြောင်းချိတ်စာပေအနုပညာတွေ ဆွေးနွေးပြီး ဘာမှမဖြစ်သလို စိတ်ကို တင်းခံထားခဲ့ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်က မထင်မှတ်ထားပဲ အသက်ရှင်နေပြီး သူတို့ရဲ့ မြေအောက်အိမ်ကလေးကိုရောက်လာခဲ့ပါတယ်။ဒီလိုကနေ ဘာမှမဖြစ်သလို စိတ်ကိုတင်းခံထားပြီး ခံစားချက်ကို မြိုသိပ်ထားတဲ့မိသားစု ဒီကောင်မလေးရောက်လာတဲ့အခါ ဘယ်လိုခံစားကျော်ဖြတ်ရမလဲ ဆိုတာကို သံစုံမြိုင်ဆိုင်စွာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။